Ep-17(Zawgyi)

11.2K 389 4
                                    



မနက်နေရောင်က ထရံပေါက်ငယ်လေးတွေထဲကနေတစ်ဆင့် အခန်းတွင်းသို့ဖျာကျလာသည်။စွယ်တော် တစ်ခါမှ ဒီလောက်နေမြင့်အောင်မအိပ်ဖူးပေမယ့် ဒီမနက်မှ သတိလက်လွတ် အိပ်မောကျသွားခြင်းပင်။သူအနည်းငယ် လှုပ်ရှားလိုက်တော့

"နိုးပြီလား "

ဦးခေါင်းကို လက်နဲ့ ထောက်ထားပြီး စွယ်တော်ဘက်မျက်နှာမူရာ တစ်စိမ့်စိမ့်ကြည့်ရင်း ဝေဖြိုးမေးသည်။စွယ်တော်က မျက်လုံးချင်းဆုံမိသွားပြီးမှ ခေါင်းငုံ့ကာ

"ဟုတ် "

"မောင် ဆေးတော့လိမ်းပေးထားတယ် နာနေသေးလား "

ပြောင်းလဲထားသော နာမ်စားကို အခုထိအသားမကျသေးတဲ့အပြင် မနေ့ညက အကြောင်းအရာတို့ပါတွေးမိပြီး စွယ်တော် မိမိရှေ့မှာ ရှိနေသော ရင်ခွင်ကျယ်ကြီးထဲ တိုးဝင်လိုက်သည်။ထို့နောက် အဖြေစကားမပြောဘဲ ရှက်သည်းနေတဲ့ အမူအယာလေးကြောင့် ဝေဖြိုးသဘောကျစွာရယ်ရင်း စွယ်တော် ဆံပင်လေးတွေနမ်းနေလေသည်။

"စွယ်တော့်ဖို့ မနက်စာကို ကြက်ဥပူတင်း ဝယ်ထားတယ် "

"ထမင်းနဲ့ ပဲပြုတ်စားချင်တယ် "

ရေချိုးထားတဲ့ ခပ်အေးအေးရင်ခွင်က ဆပ်ပြာအနံ့လေးကို စွယ်တော် ရှူရှိုက်ရင်း ကလေးတစ်ယောက်လို ဂျီကျသည်။ ဝေဖြိုးက စွယ်တော်မျက်နှာလေးကို ငုံ့ကြည့်ပြီး

"စွယ်တော် အမာတွေစားလို့မရသေးဘူးလေ ...မောင် သိပ်နားမလည်ပေမယ့် အူလမ်းကြောင်းမှာ အခက်တွေ့လိမ့်မယ်ထင်တယ်... ဒီနေ့တစ်ရက်တော့ ပျော့တာလေးပဲစားနော် "

စွယ်တော် ခေါင်းညိတ်ပြလိုက်သည်။ခံစားချက်ကို ဖော်မပြတတ်သော သူက အခုလို ကြင်နာစကားတွေကို ထုတ်ဖော်ပြောလာတတ်နေပြီ။ဘယ်အချိန်က စတင်ပြီး ချစ်မြတ်နိုးနေလဲဆိုတာ မသိပေမယ့် အခုလက်ရှိ စွယ်တော်အပေါ် မေတ္တာထားရြှိခင်းကို နှလုံးသားကတစ်ဆင့် ခံစားမိသည်။ထို့အပြင် စကားနည်းတဲ့ ဝေဖြိုးဆီက အကြင်နာစကားတွေ အများကြီးကြားရတဲ့ တစ်ဦးတည်းသော လူဟာလည်း စွယ်တော်ပင်ဖြစ်သည်။

မေတ္တာဝေရာ စွယ်တော်ရိပ်မှာ Where stories live. Discover now