Extra-2(Unicode)

28.4K 3K 265
                                    





သံတံခါးပိတ်ထားသော ဆိုင်ခန်းကြောင့် စက်ဘီးထောက်နေတဲ့ ဝေဖြိုး တွေဝေသွားသည်။ ဒီအချိန်​က ဆိုင်သိမ်းချိန်မဟုတ်သေး။နောက်ပြီး သူပြန်လာတဲ့အချိန်က အရင်နေ့တွေကထက် စောနေသေးသည်။

ဝေဖြိုးကြာကြာမတွေးလိုက်ရ။ဘေးဆိုင်ခန်း မှန်တံခါးကနေ  ထွက်လာသော မသောင်းက တစ်ခုခုကိုပြောချင်နေပုံရသည်။ထို့နောက် မပြောဘဲ ခေါင်းကုတ်လိုက် ထမီအနားကို ညီအောင် လှည့်လိုက်ဖြင့် ယောက်ယက်ခတ်နေသော အမူအရာကြောင့် ဝေဖြိုးမှ အရင်

"စွယ်တော်က ဆိုင်အစောကြီးပိတ်သွားတာလားမသောင်း"

"ဟို... အဲ့ဒါလေ"

ပြောရခက်သည့်နှယ် လက်တစ်ခါခါဖြင့် မသောင်းကို ဝေဖြိုး စိတ်ရှည်လက်ရှည် ရပ်စောင့်နေဆဲ။ခါးထောက်ပြီး စိုက်ကြည့်နေတဲ့ဝေဖြိုးကို မြင်တော့ မသောင်းဆိုင်ထဲက လျှာရှည်ပြီး ထွက်လာရသလားဟု ကိုယ့်ကိုယ်ကို အပြစ်တင်လို့မဆုံး။

နောက်တော့ မဟုတ်လည်း သိမယ့်အတူတူ ကြိုပြောထားလိုက်တာက နည်းနည်းစိတ်အေးရမယ်လို့ထင်တာကြောင့် ဖြစ်သမျှကို ပြောပြလိုက်သည်။

"နေ့လည်ကလေ စွယ်တော် ကိုဘခတ်အရက်ဆိုင်ဆီ ကုလားပဲသုတ်သွားဝယ်တာ ...  ဖြစ်ချင်တော့ သူသွားမှ ရန်ပွဲနဲ့တိုးပြီး ခေါင်းကို အုတ်နီခဲမှန်သွားတယ်  အဲ့ဒါကြောင့် ဆိုင်ပိတ်ပြီး အခု သူ့အမတွေအိမ်မှာ ... ဟယ် ဝေဖြိုးဘယ်တုန်း "

နဂိုထက် ပိုတည်သွားပြီးစက်ဘီးနဲ့သွားဖို့ပြင်နေတဲ့ပုံစံက သေချာပေါက် လူသတ်တော့မယ့် အငွေ့အသက်တွေရနေသည်။ မသောင်းက စက်ဘီးရဲ့ အနောက်ခုံတန်းကို လှမ်းဆွဲထားပြီး

"ဝေဖြိုး နင်အဲ့ကို သွားမလို့တော့မဟုတ်ဘူးမလား ... ရန်ပွဲကလည်း ပြီးသွားပြီ စွယ်တော်ဆီပဲ သွားလိုက်နော် "

"လွှတ်"

ဝေဖြိုးရဲ့ အေးစက်စက်အသံကို ကြောက်သော်လည်း မသောင်း လွှတ်လိုက်လို့မဖြစ်။

"မရဘူး  ... ရန်များလိမ့်မယ် ... နင်လူသတ်မိရင် ကျုပ်သားက ဘယ်လိုလုပ်မလဲ မသွားနဲ့တော့ ရန်ပွဲကို ကိုဘခတ်လည်းရှင်းပေးပြီးပြီ ....ဟဲ့ အမလေးတော် ဒုက္ခပါပဲ"

မေတ္တာဝေရာ စွယ်တော်ရိပ်မှာ Where stories live. Discover now