Ep-8(Unicode)

28.9K 2.8K 123
                                    



ရပ်ကွက် တစ်ခုမှာ ဘုရားပွဲ ကျင်းပတဲ့အခါ (၅)ညတာ တရားဟောပြီးရင် ဇာတ်သဘင်ပွဲတွေပါတတ်သည်။ ယခု စွယ်တော်တို့ (၁၉) ရပ်ကွက်အတွက် တရားပွဲပြီးတော့ ဇာတ်ပွဲနေ့ရောက်ပြီဖြစ်သည်။ပထမဆုံး က ပြမယ့်ရက်ရဲ့ ညနေဆိုရင် အိမ်တိုင်း ၊အိမ်တိုင်းမှာ ကိုယ်တိုင်လုပ်တဲ့မုန့်တွေကျွေးကြပြီး တခြားရပ်ကွက်ကလူတွေ အပြင် ကိုယ့်ရပ်ကွက်ထဲက လူတွေပါ တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်စားကြသည်။

ဆနွင်းမကင်း၊လက်ဖက်သုတ်၊ကြာဇံဟင်း၊ မုန့်ဟင်းခါး၊အုံးနို့ခေါက်ဆွဲ စသည်တို့ကို တစ်အိမ်တစ်မျိုးမရိုးရအောင် ကိုယ်တတ်နိုင်သလောက် ကျွေးမွေးကြသည်။ မကြီးတို့အိမ်မှာတော့ ထုံးစံအတိုင်း မုန့်ဟင်းခါးချက်တိုက်သော်လည်း ရိုးသွားရယ်တယ်လို့ မရှိဘဲ ရပ်ကွက်ထဲက လူ​တွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့လာစားကြသည်။ဝယ်စားရတာထက် အလကားစားရတာ ပိုကောင်းသောကြောင့် မကြီးကို ကူလုပ်ပေးနေတဲ့ မလတ်၊မငယ်အပြင် စွယ်တော်မှာ လက်မလည်။

ထို့အပြင် တရားပွဲကို (၅)ညလုံး သွားထားတာကြောင့် ညခင်း အအေးပတ်ပြီး လူက ရိပ်ခနဲ မူးနေသည်။ပွဲရက်မှာ လူတိုင်းနီးပါး အပြိုင်အဆိုင် ဝတ်စားထားကြပေမယ့် စွယ်တော်မှာ သနားခါးတောင်မကပ်နိုင်။ တဖြည်းဖြည်း နေဝင်သွားတဲ့အချိန်မှ အိမ်တွေထဲတွင် လူရှင်းပြီး ပွဲဈေးတန်းမှာ စည်ကားသွားကြသည်။

မကြီးတို့ ညီမ သုံးယောက်လုံးက ဇာတ်ပွဲတွေ ဝါသနာထုံသူမို့ ညကနေ မနက်အလင်းပေါက်ထိကြည့်တတ်သည်။အခုလည်း မကြီးနဲ့ မလတ်က ခုံနေရာ သွားကြည့်မယ်ဆိုပြီး ထွက်သွားတာကြောင့် မငယ်နဲ့ စွယ်တော်သာ မဆေးရသေးသော ပန်းကန်အပုံနား ငုတ်တုတ်ကျန်ခဲ့လေသည်။

မောတာကြောင့် ချက်ချင်းမဆေးသေးဘဲ ကွပ်ပျစ်မှာ မောင်နှမနှစ်ယောက် ခဏထိုင်နေရင်း မျက်နှာငြိုးနေသော စွယ်တော်ကို မြင်တော့

"နေမကောင်းဘူးလား ငယ်လေး "

"ကောင်းပါတယ် ... နည်းနည်းခေါင်းမူးနေလို့ "

"ဒါဆို မငယ်ပဲ ဆေးလိုက်တော့မယ် ငယ်လေး နားတော့"

"ရတယ် သားရောအတူဆေးပေးပါမယ်"

မေတ္တာဝေရာ စွယ်တော်ရိပ်မှာ Where stories live. Discover now