Ep-21(Unicode)

29.6K 2.9K 54
                                    




မြို့သစ်လမ်းမပေါ်တွင် စည်ကားနေသော အလှူတန်းကြီးရှိနေသည်။ ရပ်ကွက်ထိပ်မှာ တစ်ခုတည်းသော ကုန်စုံဆိုင်ကြီးက တစ်နှစ်တစ်ခါ လှူလေ့ရှိပြီး ဆင်၊မြင်းစသည်တို့အပြင် ဝင်းခင်းခြင်းတို့ ပါဝင်သည်။ထို့ကြောင့် အပျိုဖိတ်လိုက်ရသော မလတ်နဲ့ မငယ်တို့က မပါမဖြစ်နေရာယူပြီးကြသော် မကြီးနဲ့ စွယ်တော်က ဘေးကနေ ရေဘူးကိုင် ထီးကိုင်လိုက်ပေးရသည်။

ဝင်းခင်းခြင်းဆိုသည်မှာ အပျိုဖိတ်အတန်းများအပြင် ရတနာပုံခေတ်က ဘုရင်နဲ့ မိဖုရား သို့မဟုတ် ပုဂံခေတ် ဝတ်စားဆင်ယင်ပုံများကို ဝတ်ဆင်ကြပြီး ပြဇာတ်ငယ်လေးတွေအတိုင်း သရုပ်ဖော်သည့်ပုံစံဖြစ်သည်။ထို့ကြောင့် အလှူတန်းကြီးကို တခြားမြို့နယ်ဘက်အထိ ရောက်အောင် ခြေလျှင်လှည့်လည်ကြတဲ့အတွက် ဘေးကနေ လူတစ်ယောက်စီ အပိုပါပေးမှ အဆင်ပြေသည်။မကြီးက မလတ်ဘေးတွေ နေပြီး  စွယ်တော်က မငယ်ဘေးကနေလိုက်ပေးသည်။

ပိတောက်ခြောက်ရောင် ချိတ်လုံချည်ဖြင့် အပေါ်က အရောင်နုသော ဇာအင်္ကျီကို တွဲဖက်ဝတ်ဆင်ထားပြီး  ရှည်လျားတဲ့ သူမ ဆံပင်တွေကို နောက်တွဲဆံထုံးပုံစံထုံးဖွဲ့ထားသည်။ မိကပ်လက်ရာကတော့  အထူးပြောစရာမလိုတဲ့ မသောင်းရဲ့ ပညာဖြင့် မှုန်ညှပ်ဝင်းမွတ်လို့။အသားဆောင်သော အရောင်ကိုဝတ်ဆင်ထားသောကြောင့် မငယ်က  လူအများကြားတွေ ထင်းထွက်ကာ စွယ်တော် ကိုယ်တိုင်တောင် အမဖြစ်သူအလှကို ကြည့်မဝဖြစ်နေသည်။

မြို့သစ်ထဲကနေ အလှူတန်းကြီးစထွက်တော့  ဝိုင်းကြည့်နေကြသော ဘေးက လူတွေထဲ​ကနေ ကောင်လေးတစ်ယောက်ထွက်လာသည်။ပုံမှန်ဆို သူသူငါငါ သတိမထားမိသော်လည်း ထိုကောင်​လေးလက်ထဲမှာကိုင်ထားသော သစ်ခွပန်းစည်းကြီးကြောင့် အပျိုမမများလည်ပြန်ငေးနေကြသည်။

ဘယ်သူ့ကို လာပေးတာလဲဆိုတာ စိတ်ဝင်တစားလိုက်ငေးနေကြရင်း ပန်းစည်းက မငယ်ရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသည်။လက်ထဲကို ရောက်တာနဲ့ ကောင်လေးက ချက်ချင်းလှည့်ထွက်သွားပြီး မငယ်မျက်နှာကတော့ ပြုံးယောင်သမ်းနေတာကြောင့် အထူတလည်အံ့ဩခြင်းမရှိသည့်ပုံ။သို့သော် အရှေ့မှ သွားနေသော မလတ်က လည်ပြန်ကြည့်သလို အနောက်မှ မချိုကလည်း လက်တို့ကာမေးသည်။

မေတ္တာဝေရာ စွယ်တော်ရိပ်မှာ Where stories live. Discover now