Ep-6(Unicode)

30.5K 3.1K 102
                                    




မနက်ခင်း အလင်းရောင်ရခါစ အချိန်မှာ ချောင်းဘေးတစ်လျှောက် ပုံမှန်အရှိန်ဖြင့် လိမ့်လာနေသော စက်ဘီးတစ်စီး။ထိုစက်ဘီးကို မြင့်မားတဲ့ အရပ်နဲ့ သက်သောင့်သက်သာနင်းလာသူက ဝေဖြိုးဖြစ်သည်။

မျိုးဇော်ရဲ့ ဦးလေးနာရေး ညဘက်ဖဲဝိုင်းမှာအိမ်ရှင်ဘက်က ကူစောင့်ပေးပြီး မနက်လင်းတော့ ပြန်လာခြင်းပင်။ခြေထောက်က ပုံမှန်ပဲ နင်းနေပေမယ့် တစ်ညလုံးမအိပ်ရသေးသော မျက်လုံးတွေကတော့ လေတိုးတိုင်း စပ်နေသည်။

မျက်တောင်ခဏခဏခတ်ပြီး အိမ်ကို မြန်မြန်ရောက်ရန် အရှိန်တင်နင်းလိုက်တော့ အနောက်ချောင်းကနေ မြို့သစ်ထဲဝင်တဲ့ သစ်သားတံတားလေးကို လှမ်းမြင်နေရပြီ ဖြစ်သည်။ထိုအချိန် စက်ဘီးကို အမြန်နင်းနေတဲ့ ဝေဖြိုးရဲ့ခြေထောက်တွေ အနည်းငယ်တုန့်နှေးသွားပြီး တံတားပေါ်က ခပ်သုတ်သုတ်သွားနေသောလူတစ်ယောက်အားသေချာလှမ်းကြည့်မိသည်။ကျောပြင်ကျယ်သေးသေးလေးနဲ့ ကောင်လေး။အပေါက်လေးတွေပါသော ကော်ခြင်းတောင်းထဲမှာ မုန့်ဖက်ဖြူဖြူတို့ အပြည့်ထည့်ထားသောကြောင့် လက်ကို ဘယ်ညာ ခဏခဏပြောင်းဆွဲနေသည်။

တံတားထိပ်နားအရောက်ထိုကောင်လေးကပါ တုန့်ခနဲရပ်လိုက်သောကြောင့် ခပ်ဖြည်းဖြည်းနင်းနေတဲ့ ဝေဖြိုးစက်ဘီးက ဘေးနားယှဉ်လျက်မှီသွားသည်။ခေါင်းငုံ့ထားပြီး ပြန်လှည့်ဖို့ပြင်တဲ့ အမူအယာနဲ့ အတူမိန်းမတစ်ဦး၏ လေချွန်သလို ကျီစယ်တဲ့အသံ။ဝေဖြိုးတံတားထိပ်ကို လှမ်းကြည့်လိုက်တော့ အ၀တ်အစားမလုံခြုံတဲ့ အမျိုးသမီးတစ်ယောက်က သူတို့ဘက်ကို မျက်နှာမူကာ အသံပြုနေခြင်းဖြစ်သည်။

ဆွဲခြင်းနဲ့ကောင်လေးက ဘေးမှ ဝေဖြိုးကို တစ်ချက်မော့ကြည့်ပြီး ဆက်သွားရမလိုလို အနောက်ပြန်လှည့်တော့မလိုဖြင့် ခေါင်းလုံးလုံးလေးက အရှေ့အနောက်ရွေ့လျားနေသည်။ဝေဖြိုးက သစ်သားတံတားပေါ် ခြေထောက်တစ်ဖက်ထောက်လိုက်ပြီး

"မြို့သစ်ထဲပြန်မှာ မလား"

"ဗျာ..."

တစ်ရင်းတစ်နှီးမရှိသေးဘဲ သူ့ကို ဦးတည်ပြီးပြောလိုက်တာကြောင့် စွယ်တော်က မျက်လုံးပြူးလေးဖြင့် ပြန်ကြည့်နေသည်။ဝေဖြိုးက နဂိုအမူအယာတိုင်းသူ့ကို ကြည့်နေဆဲမို့

မေတ္တာဝေရာ စွယ်တော်ရိပ်မှာ Where stories live. Discover now