ဝေလီဝေလင်း အလင်းရောင်အောက်က ထရံကာ အိမ်လေးထဲတွင် မွှေးပျံ့သော မနက်စာ ပြင်ဆင်ခြင်းရှိနေသည်။
ဒယ်အိုးထဲက ထမင်းကြော်ကို ပန်းကန်ပြားထဲ လှယ်ထည့်ပြီး စားပွဲမှာ အရံသင့်ဖြစ်ပြီဆိုမှ စွယ်တော် နဖူးပြင်က ချွေးစတို့ကို လက်နဲ့သပ်ချလိုက်ကာ မျက်နှာတွင်အပြုံးခပ်လွင်လွင်။အလုပ်ကြိုးစားလွန်းသော မောင်က အရင်လို ပင်ပင်ပန်းပန်း ပဲအိတ်တွေထမ်းစရာမလိုတော့။အိတ်ရာပေါင်းများစွာ ထည့်ထားသော ပဲအမျိုးမျိုးကိုမချုပ်ရသေးခင် QC စစ်ရတဲ့နေရာတွင် ရာထူးတက်သွားပြီဖြစ်သည်။ မနက်၅နာရီအစောကြီးထသွားစရာမလိုတော့တာကြောင့် အိပ်ရေးဝဝ အိပ်နေသော မောင့်မျက်နှာထံ အနမ်းချွရေင်း နိုးရတာဟာ စွယ်တော့်အတွက် ပျော်ရွှင်စရာအခိုက်အတန့်လေးတစ်ခုပင်။
အခုလည်း စားပွဲကို အုပ်စောင်းနဲ့ ပြန်အုပ်ထားခဲ့ပြီး ကိုယ်မှာ ညှော်နံ့တွေစွဲမနေအောင် ရေမြန်မြန်ချိုးသည်။ပုဆိုးတစ်ထည်နဲ့ အပေါ်ပိုင်းမှာ တဘတ်သုတ်နေရင်း ခြင်ထောင်ထဲ လှမ်းကြည့်ကာ စွယ်တော်အနားတိုးသွားလိုက်သည်။
ခေါင်းအုံးပေါ်ကို ပါးပြင်တစ်စောင်းတင်လျက် မှောက်ယက်အိပ်နေသော သူရဲ့ တိတိပပမှိတ်ကျနေသောမျက်ခွံလေးတွေကို လက်နဲ့ထိရင်း နှဖူးပြင်ထံနမ်းလိုက်သည်။စွယ်တော် အနမ်းပြန်ခွာလိုက်တာနဲ့ ပြုံးသွားသော နှုတ်ခမ်းပါး။ခွက်နေသော ပါးချိုင့်နှစ်ဖက်က နောက်ထပ် အကြင်နာတို့ဦးတည်ရာ။
ဝေဖြိုး ပက်လက်အနေအထားကို လည့်ပြီး ရေစက်ခိုစဲ အေးစက်စက်ကိုယ်လုံးငယ်ကို သိုင်းဖက်လိုက်တော့ ရင်ဘတ်ပေါ်မှာ ပါးပြင်ကပ်သည်။လျှော်ထားပြီးခါစ ဆံနွယ်လေးတွေကို မွှေးကြူရင်း မနက်ခင်းအလင်းမှာ စိတ်ကြည်လင်စေ၏။
"ကျွန်တော် ထမင်းကြော်ထားတယ်မောင် ရေချိုးပြီး စားရအောင်နော်"
"အင်း"
ဝေဖြိုး အိပ်ရာပေါ်က ဆင်းတော့ စွယ်တော်က ခြင်ထောင်သိမ်းဖို့လုပ်နေတာကြောင့်
"မောင် သိမ်းလိုက်မယ် ... အခုမှရေချိုးထားတာ ချွေးပြန်လိမ့်မယ် အင်္ကျီအရင်ဝတ်ချေ ကလေး"
YOU ARE READING
မေတ္တာဝေရာ စွယ်တော်ရိပ်မှာ
Romance"မြို့သစ်လမ်းမတစ်နေရာ စွယ်တော်ပင်ရိပ်အောက်က အကြင်နာ သက်ဆိုင်သူအတွက်ရည်ညွှန်းကာ ချစ်ခွန်းသီတဲ့ မောင့်မေတ္တာ" "မြို့သစ်လမ်းမတစ်နေရာ စွယ်တော်ပင်ရိပ်အောက်က အကြင်နာ သက်ဆိုင်သူအတွက်ရည်ညွှန်းကာ ချစ်ခွန်းသီတဲ့ မောင့်မေတ္တာ" CV by B Ka Lay