Part 1

7.6K 319 19
                                    

Sugar Daddy
          (OR)
Daddyက ကျွန်တော့် အပိုင်

အပိုင်း 1 ❤❤❤❤

"ဖြောင်း..."

ဖြောင်း ခနဲပါးကို ရိုက်ချလိုက်သည့် အတွက် ပါးမို့မို့လေး ဖူးယောင်ကာ မျက်နှာလေးစောင်းကျသွားသည်။ မျက်ရည်များလဲ ပိုးပိုးပေါက်ပေါက် ကျသွားခဲ့သည်။

မိထွေးဖြစ်တယ့် ဒေါ်မာလာဟာ ရောင်စဉ်ဖြာဆိုတဲ့ကောင်လေးကို ရိုက်လိုက်ခြင်းသည်ပင်။

သူမက ဒေါသတကြီးဖြင့်..

"နင့်ကို ငါဘာပြောလဲ စာမေးပွဲကျအောင်ဖြေဖို့ပြောထားတယ်မလား...ဒါတောင်နင်က ဆေးကျောင်းပထမနှစ်ကို အမှတ်အမြင့်ဆုံးနဲ့အောင်တယ်ပေါ့...နင်ငါ့ကို
စောက်ဂရုမစိုက်ဘူးလား...ပြောစမ်းနင့်ပါးစပ်က....ပြော.လေ"

ပါးစောင်ကို လက်ဖြင့် ခက်ကြမ်းကြမ်း ကိုင်ကာ ပစ်ချလိုက်သည်။

သူမက စပြီးတော့ ကြိမ်လုံးကို ကိုင်ကာရိုက်တော့သည်။ ခက်ကြမ်းကြမ်း အားကုန်သုံးကာ ရိုက်သည်။

"မရိုက်ပါနဲ့တော့....နာတယ်...လို့..အဟီး...ဟင့် "

ငိုယိုကာ တောင်းပန်တော့သည်။

မျက်ရည်တွေများဖြင့် ကံကြမ္မာကြီးက ဟာတိုက်စရာပင် ဒီကမ္ဘာမွာ စာမေးပွဲ အမြင့်ဆုံးမှတ်နဲ့အောင်လို့ ရိုက်ခံရတာ ကျွန်တော်တစ်ယောက်ပဲရှိမယ် ထင်တယ်။

"မငိုနဲ့...နင့်စောက်မျက်ရည်တွေတိတ်.."

ဒီတော့ သူ့သမီးနဲ့သားက ကျွန်တော့်ကို
မုန်းတီးတဲ့မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။ ပြီးတော့သူ့အမေအား

"အ​မေ ဒီကောင်ကို ဘယ်လိုလုပ်မလဲ သူသမီးတို့ထက်ကျော်နေတာ သမီးတို့က
ပထဝီ မေဂျာလေ သူက
အဲ့လိုကျော နေတယ် "

သူမ အမေ က စိတ်တိုစွာဖြင့်ပင်

"နင်ဆေးကျောင်းဆက်တတ်မယ်ဆိုရင် ငါဆက်ထောက်ပံ့မှာ မဟုတ်ဘူး....နင်ဟာနင်အလုပ်ရှာ ကိုယ့်ဟာကို ကျောင်းတတ်ရမယ်...ပြီးတော့ အစားသောက်ကို နင့်ပိုက်ဆံနဲ့ နင်ဝယ်စား အိမ် အစားသောက်ကို လုံးဝလာမထိနဲ့ အိပ်စရာ ပေးတာတင်ကျေနပ်လိုက်"

Sugar Daddy (or) Daddy ကကျွန်တော့်အပိုင်Where stories live. Discover now