Sugar Daddy
(OR)
Daddyက ကျွန်တော့် အပိုင်အပိုင်း 34
ရောင်စဉ် ဖုန်းပြောရင်း Jackနှင့်အတူ ဆေးရုံ ထဲသို့ဝင်လာသည်။
"ကျွန်တော်အလုပ်ကိစ္စအချို့ကိုလွဲပေး
ခဲ့မယ်နော်""ရပါတယ်.... ငါ့တာဝန်ထား....ရောင်စဉ်... "
"ကျေးဇူးပါ...AJ...ဒါဘဲနော်"
V.I.P အခန်းရှေ့ဝယ် ဟိုဘက်ဒီဘက်ရှုပ်ယှက်ခတ်နေသည်။ ဆေးရုံအုပ်တွေရော San Wooyoung နဲ့ Naeun တို့လဲရောက်နေသည်။
ရောင်စဉ် ရောက်လာတော့သည်။
"အဲ့တာ...ဘာဖြစ်နေတာလဲ...."
အသံ ခပ်မာမာ ဖြင့်အော်လိုက်သည်။
အကုန်လုံး ငြိမ်ကုတ်သွားကြသည်။
Naeun Wooyoung နဲ့ San က ရောင်စဉ် ကိုမြင်တော့ဝမ်းသာသွားကြတော့သည်။ရောင်စဉ် က အခန်းရှေ့ကနေရပ်လိုက်ကာ ပတ်ဂျီဟန်ရှေ့မက်တပ်ရပ်လိုက်သည်။ပြီးတော့ အနီးရှိ ဆရာဝန်အချို့နဲ့ သူ့သူငယ်ချင်းတွေ ဆေးရုံအုပ်အားရှောင်ပေးရန်ပြောသည်။
ဒီတော့ အကုန်လုံးလဲ ထွက်သွားသည်။
ပတ်ဂျီဟန်သည်လဲ သူ့မ ကိုယ်ရံတော်တွေနှင့်အတူလာသည်ပင်။
ရောင်စဉ်လဲ korea ဘာသာစကားနှင့် နားလည်အောင်ပြောရသည်။
"ဘာကိစ္စ များလဲ"
"ငါ oppa ရဲ့တွေ့မလို့လာတာ...သီးသန့်တွေ့ချင်တာ..."
"မရဘူး...ဝင်ခွင့်မရှိဘူး..."
ဂျီဟန် က ခပ်ရွဲ့ရွဲ့ ပြုံးကာ မာန်တတ်စွာပြောသည်။
"နင်ငါဘယ်သူလဲသိလား...ငါက...ဒီနိုင်ငံရဲ့ ဝန်ကြီးချုပ်သမီး..."
ရောင်စဉ် က ဂရုမစိုက်စွာ ပြန်ပြောသည်။
"နင်ဟာနင် ဝန်ကြီးချုပ်သမီး မကလို့.. ဘာပဲ ဖြစ်နေပါစေ...ငါစိတ်မဝင်စားဘူး..
မင်းသိဖို့က အခုက ငါကအုပ်ထိန်းသူ မင်းသူသတိရမှ တွေ့တော့နားလည်လား...ထွက်သွား...လာမရှုပ်နဲ့...ဒါဆေးရုံ""နင်.....တောက်...ငါတွေ့ရမှဖြစ်မယ်...
နင်ကဘာကောင်မို့လို့...လဲ...နင့်ပြောစကားနားထောင်ရအောင်"