PART 18

2.6K 137 6
                                    

Sugar Daddy
          (OR)
Daddyက ကျွန်တော့် အပိုင်

အပိုင်း 18

ရောင်စဥ် က အာဏာ က ကပ်ချွဲကာ
ကားမောင်းခွင့်ရအောင်လုပ်ထားရသည်။

ရောင်စဥ် နောက်ဆုံးတော့ ကားမောင်းသင်တန်းလဲ ပြီးသွားသည်နှင့်အတူ လိုင်စင်လဲရခဲ့သည်။ အခုကစပြီး သူလဲ ကားမောင်းလို့ရပြီ။

သူအရင်ဆုံး အိမ်က ကားတစ်စီးဖြင့် အစမ်းအနေနဲ့ ကျောင်းကို ကိုယ့်ဟာကိုမောင်းသွားခဲ့သည်။Bill ကတော့ ဘေးဝယ်ထိုင်လိုက်သည်။

လုံးဝ အဆင်ပြေစွာပင်။

ဒါပေမယ့် သူ့အရှေ့ကို လာပြီးရပ်တဲ့
ပြိုင်ကားတစ်စီး..

ရောင်စဉ် ကားကိုရပ်လိုက်ရသည်။ Bill လဲ လန့်သွားခဲ့သည်။

ထိုကားထဲက မိန်းမလှတစ်ယောက်က ထွက်လာခဲ့သည်။

"Bill နေခဲ့ ငါထွက်ကြည့်လိုက်မယ်"

"ဟုတ်ကဲ့"

ရောင်စဉ် လဲ ထွက်ကြည့်လိုက်ကာ
ဒေါသအရိပ်ရောင်လဲ ပြလိုက်သည်။
"ဘာလို့ ငါ့ကားရှေ့လာရပ်တာလဲ "

ထိုမိန်းကလေးက နှုတ်ခမ်းကရွဲ့ကာ
"နင် ငါ့ကို သိလား"

ရောင်စဥ် က ခေါင်းခါ လိုက်သည်။
"မသိဘူး..."

ထိုမိန်းကလေးက မာန်တတ်စွာဖြင့် ပြောသည်။
"ငါက ဒီကျောင်းရဲ့ ကျောင်းသူ အသစ် ပြီးတော့ ငါက Mr.John နဲ့ စေ့စပ်ထားတဲ့သူ ငါ့နာမည်က Omila"

ရောင်စဉ် က စိတ်မဝင်စားစွာဖြင့် ပြန်ပြောသည်။
"အဲ့တော့...."

"နင် ငါ့လူကို မြူစွယ်တာရပ်လိုက်"

ရောင်စဉ် က ရယ်လိုက်ကာ အထင်သေးတယ့်မျက်ဝန်းတွေနဲ့ ကြည့်လိုက်သည်။

"ဘာ...အဟက်.....ငါက မြူစွယ်တယ်ဟုတ်လား..."

ထို့နောက် ရောင်စဥ် က ဆက်ပြောသည်။
"ဒီမှာ ငါသာနင့်လူကို မြူစွယ်လိုက်ရင် နင်တောင် ငါရှေ့မှာ အခုလိုရပ်ပြီးစကားလာပြောနိုင်မှာမဟုတ်ဘူး...မင်္ဂလာဆောင်ခန်းမ မှာပြောနေရလောက်ပြီ"

"တော်စမ်းပါ.... နင်သာငါ့လူကို မြူမစွယ်နဲ့... ယောက်ျားပိုင်းလုံးကောင်"

Sugar Daddy (or) Daddy ကကျွန်တော့်အပိုင်Where stories live. Discover now