PART 15

2.9K 153 7
                                    

Sugar Daddy
          (OR)
Daddyက ကျွန်တော့် အပိုင်

အပိုင်း 15

ရောင်စဉ် ကားကထွက်သွားပြီးနောက် John က သူ့ပါးကို ကိုင်ကာ ​ကျန်ခဲ့တော့သည်။

ရောင်စဉ် ကတော့ ကားထဲ ဝင်သွားလိုက်သည်။

"မောင်းတော့.."

Bill က ကားကို နောက်နဲနဲဆုတ်ကာ သူ့ကားကိုရှောင်ပြီးမောင်းထွက်သွားသည်။

"Bill..ဒီကိစ္စတွေကို ကိုကို မသိစေနဲ့"

"ဟုတ်... ကိုကို...မသိစေရပါဘူး "

"ဘာ.."

ရောင်စဉ် ရယ်ချင်သွားသည်။ အရင်ကတည်းက အာဏာ ကို ရောင်စဥ်က "ကိုကို" လို့ မြန်မာလိုခေါ်နေ​သည်ကိ​ု Jack နဲ့ Bill က သိသည်။

သူတို့ထင်တာ Mr.Min ရဲ့ နောက်နာမည်တစ်ခုလို့ ထင်နေခဲ့ကြသည်။

"ဘာ...ဘယ်လိုခေါ်လိုက်တယ်"

"ကိုကို...Boss ကိုကို.."

"ဟား...ဟား...ဟား.."

ရောင်စဉ် ပါးစပ်မပိတ်နိုင်ရယ်မိတော့သည်။

"နောက်တစ်ခါ... Bill..ကိုကို ရှေ့ရောက်ရင် Boss လို့မခေါ်ဘဲ ကိုကို လို့ခေါ်
ကြည့်"

"ဟုတ်ကဲ့...ကျွန်တော်ခေါ်ကြည့်လိုက်ပါ့မယ်"

ရောင်စဥ် ထပ်ရယ်လိုက်မိပြန်သည်။ခုန ကိစ္စကို သိပေမယ့်နောက်မှ သချာအောင် စကားနှိုက်ကြည့်မယ်လို့ဆုံးဖြတ်လိုက်ခဲ့သည်။

❤~~~~~~~~~❤

နောက်တစ်နေ့ည ရောင်စဥ် အာဏာနဲ့
vd call ပြောခဲ့သည်။

".ရောင်စဥ် "

"ကိုကို...."

"ရောင်စဥ် နေကောင်းလား "

"ကောင်းပါတယ် ကိုကိုရော ရောင်စဉ် ကိုလွှမ်းလား "

"လွှမ်း တာပေါ့..အခုတောင်ပြန်လာချင်ပြီ"

"ကိုကို ဟိုမှာနောက်တစ်ယောက်တွေ့နေပြီလား "

" ဒါဆိုကိုကို နဲ့ ကောင်မလေးတစ်ယောက်တွေ့နေတယ်ဆိုတယ့် သတင်းကြားနေတယ်နော် မလိမ်နဲ့ကွာ အဲ့တာဘယ်သူလဲ"

"ရောင်စဉ်ဘာတွေသိနေတာလဲ "

" အဲ့တာတော့ရောင်စဉ်မသိဘူး ရောင်စဉ်ဖုန်းထဲ ကိုကိုနဲ့ကောင်မလေးတစ်ယောက် ပျော်နေတယ့်ပုံ ပို့ထားလို့ ဘယ်သူပို့လဲ မသိဘူး အဲ့တစ်ယောက်က ဘယ်သူလဲ "

Sugar Daddy (or) Daddy ကကျွန်တော့်အပိုင်Where stories live. Discover now