Sugar Daddy
(OR)
Daddyက ကျွန်တော့် အပိုင်အပိုင်း 32
ရောင်စဉ် မထွက်သွားမှီမှာ Robot A က ရောက်စဉ်လက်ကိုဆွဲလိုက်သည်။
ရောင်စဉ် က လှည့်ကြည့်လိုက်သည်။
Robot Aက ရောင်စဉ် လက်ထဲကို ထည့်ပေးလိုက် Black card...
"ဒါက...ရောင်စဉ် အပိုင်လို့...ထင်တယ်"
ရောင်စဉ် က ပြုံးလိုက်သည်။ခေါင်းညှိမ့်ကာ သူယူလိုက်သည်။
ရောင်စဉ် ချက်ချင်း အီတလီကိုထွက်သွားရသည်။
ရောင်စဉ် နဲ့ Jack ပင်။
🍀🍀🍀🛫🛫🛫❤🛬🛬🛬🍀🍀🍀
အီတလီရောက်သည်နှင့် ရောင်စဉ် နဲ့ Jack လျို့ဝှက်ရှေ့နေ နဲ့တွေ့ဖို့စီစဉ်ခဲ့ကြသည်။
"Hello...Nice to meet you"
တစ်ယောက် နဲ့ တစ်ယောက်နှုတ်ဆက်ပြီးသည်နှင့် ထိုင်လိုက်ကြသည်။
"အရင်ဆုံး Mr.Min က သူတစ်ခုခုဖြစ်ရင်
သူရဲ့ပိုင်ဆိုင်သမျှအကုန်ကို ရောင်စဉ်ဖြာ ဆိုတယ့် သူဆီလွဲပေးခဲ့ပါတယ်...တဂယ်လို့သူမရှိရင် ယာယီအနေနဲ့ သူ့ရဲ့လူယုံ
Jack Richardson ကို လွဲပြောင်းပေးထားပါတယ်"ရောင်စဉ် နဲ့ Jack က တစ်ယောက်ကိုတစ်ယောက်ကြည့်၍ပြုံးသည်။
"ကျွန်တော်က Jack ပါ သူက
ရောင်စဉ်ဖြာပါ...""အင်း...သက်သေပြဖို့တော့လိုတယ်..."
"ခဏလေး ဓာတ်ပုံရှိတယ် ကျွန်တော်ကြည့်အုံးမယ်.. "
အရင်ဆုံး ရှေ့နေက ပုံကြည့်ပြီး သက်သေယူပြီးသည်နှင့်....
"ရပါပြီ...လက်မှတ်ထိုးပြီး အကုန်လွဲပြောင်းယူနိုင်ပါပြီ"
ရောင်စဉ် က လက်ကိုရပ်တန့်ကာဖြင့်
"ကျွန်တော် နောက်ထပ်စာချုပ်ထပ်လုပ်ချင်တယ်..."
"ဘာများလဲ... ကျွန်တော်ကူညီပေးပါ့မယ်"
"Mr.Min ပိုင်ဆိုင်သမျှကိုယာယီသာလွဲပြောင်းယူမယ်ဖြစ်ပြီး...Mr.Min ကျန်းမာရေး ပြန်ကောင်းသည်နှင့် အကုန်ပြန်လည်လွဲပြောင်းပေးချင်တယ်..အဲ့စာချုပ်လုပ်ချင်လို့"