Sugar Daddy
(OR)
Daddyက ကျွန်တော့် အပိုင်အပိုင်း 13
သိချင်သိ မသိချင်နေ အရင်ဆုံး ကျွန်တော်လုပ်သင့်တာ ကို လုပ်ရမယ်
"သိလဲသိဗျာ...ဆွဲကြိုးပြန်ပေး"
"ပေးပါ့မယ်..မင်းနာမည်လေးပြောပါအုံး"
"မပြောချင်ဘူး.."
"မပြောရင် မပေးဘူး "
"ရောင်စဥ်ဖြာ..... "
"ခနနေပါအုံး.... မင်းနာမည်က ဘာ ဘာသာစကား လဲ "
"ဘယ်ပဲဖြစ်ဖြစ်ပေါ့.....ပေးတော့"
"ရော့...."
John က လှမ်းပေးတော့ ရောင်စဥ်က လှမ်းယူလိုက်သည်။
ပြီးတော့ ထွက်သွားမည့်ဆဲဆဲဝယ် လက်ကိုလှမ်းဆွဲလိုက်သည့် John ကြောင့် ရောင်စဥ် လန့်သွားရသည်
"လွှတ်..."
"ခဏလေး...ငါမင်းကိုခင်လို့ရမလား"
"မရဘူး...နောက်ခါ လာမပတ်သတ်နဲ့"
ပြောကာ ထွက်သွားတော့သည်။
John က ဒါမျိုးကိုမှကြိုက်နှစ်သက်သူပင်။ ဘယ်မိန်းကလေး ဘယ်ကောင်လေးငယ်ငယ်မှ မငြင်းနိုင်တဲ့သူ့ကို ဒီလိုကောင်လေးက ငြင်းတော့ ပိုပြီးသဘောကျတယ်
"ငါက ခတ်ခတ်ခဲခဲ ယူရတာကိုပိုသဘောကျတယ်"
❤~~~~~~~~~~~~~~♥
နောက်ဆုံးတော့ ကျောင်းလည်းပြန်ဖွင့်ကာ ပြန်တတ်ကြရပြန်သည်။
"WoW..ကျောင်းပြန်ဖွင်တော့ကောင်းလိုက်တာ"
"ဟုတ်တယ်နော်..."
သူငယ်ချင်းနှစ်ယောက်ပြန်ဆုံတုန်းမှာပဲ James ရောက်လာပြန်သည်။
"Hi...ရောင်စဉ် "
"Hi James....နင်ငါ့ကိုလက်မလျော့သေးတာလား"
"ဟုတ်တာပေါ့ "
"ထားလိုက်ပါတော့... နင်လိုက်နေလဲ အပိုပဲ...ငါ့မှာ ရှိပြီးသား"
"တော်ပါ...ငါချစ်တာ သိရင် ရပြီ
အတင်းပြန် ချစ်စရာမလိုဘူး...""အင်းပါ..."
"ဒါပါပဲ...ကျောင်းဖွင့်ခြင်း မင်းမျက်နှာလေးကြည့်ချင်လို့လာတာ...ငါသွားတော့မယ်နော်..ငါ့အတန်းရှိသေးတယ်"