PART 17

2.6K 137 3
                                    

Sugar Daddy
          (OR)
Daddyက ကျွန်တော့် အပိုင်

အပိုင်း 17

ရောင်စဉ် ပုံတွေကိုမြင်တော့ သူ့စိတ်ထဲဝမ်းနည်းမယ့်အစား ဒေါသတွေထွက်လာမိတော့သည်။

ဘာတွေထွက်နေမှန်းသေချာသိသည်။ ဒါကြောင့် သူ hotelဆီသို့တန်းတန်းမတ်မတ် သွားခဲ့သည်။

ကားဟာ ဟိုတယ်ရှေ့သို့ ဆိုက်ရောက်သွားခဲ့သည်။

ဒီလိုအခြေနေကိုရင်ဆိုင်နိုင်ပါ့မလား အတတ်နိုင်ဆုံး မဟုတ်ပါစေနဲ့လို့ပဲ ဆုတောင်းမိသည်။

ရောင်စဉ် ကားပေါ်ကနေဆင်းလိုက်ပြီး
သူဟော်တယ်ထဲသို့ဝင်သွားခဲ့သည်။

ဒီHotel က အမှန်တော့ အာဏာ ပိုင်တဲ့ Hotel ပါ။

ရောင်စဥ် အတားအဆီးမရှိ သူ့ဖုန်းက ညွှန်ပြတယ့် အခန်းသို့အရောက်သွားနိုင်ခဲ့သည်။

အခန်းအရှေ့ကိုရောက်လာသည်။
တံခါးကို ဖွင့်လိုက်သည်။

လော့မချထားသည့်အတွက်...တံခါးက...ပွင့်သွားခဲ့သည်။

ရောင်စဥ် မျက်လုံးကိုစုံမှီတ်ကာ အသက်ပြင်းပြင်းရူပြီး အထဲသို့ဝင်သွားကြည့်သည်။ Hotel ရဲ့ အခန်းထဲကို ဝင်ကာ နောက်ဆုံး အိပ်ခန်းတံခါးကို
ဖွင့်ကြည့်လိုက်သည်။

သူနောက်ဆုံးပုံကို အရှင်းမြင်လိုက်ရသည်။

"ကိုကို..."

ရောင်စဥ် သူ့ကိုကို အနားသို့သွားကာ Han က ဖတ်ထားတဲ့လက်ကို ဖယ်ချလိုက်သည်။

တွန်းထုတ်လိုက်သည်နှင့် အာဏာရော Han ရော နိုးလာသည်။

နှစ်ယောက်လုံးနိုးတော့ တစ်ယောက်နဲ့တစ်ယောက်ဖြစ်နေတယ့်ပုံစံကို ကြည့်ကာ

"အား...."

Han က အော်လိုက်သည်။

"အာဏာ နင်ငါ့ကို....."

"ဘာတွေပြောနေတာလဲ... ငါနင့်ကိုဘာမှ မလုပ်ဘူး"

ရောင်စဥ် က မက်တပ်ရပ် ကာ သွေးပျက်နေသလို ကြည့်လိုက်မိသည်။

အာဏာ ထိတ်လန့်သွားရသည်။အလန့်တကြားဖြင့်

"ရောင်စဉ်.... ရောင်စဥ် "

Sugar Daddy (or) Daddy ကကျွန်တော့်အပိုင်Where stories live. Discover now