PART 8

3.2K 178 21
                                    

Sugar Daddy
          (OR)
Daddyက ကျွန်တော့် အပိုင်

အပိုင်း 8 ❤❤❤❤

အချိန်တစ်ခုအတိုင်းတာအထိ ကျွန်တော်တို့နှစ်ယောက် ဘဝလေးဟာ အလွန်သာယာခဲ့သည်။

ကိုကို... အခုတလော အလုပ်ရှုပ်နေလိုထင်ပါရဲ့ ကောင်းကောင်း စကားမပြောရသည်မှာ တစ်ပတ်ကျော်နေပြီ။

အရင်လို ကိုကို ကကျောင်းမပို့နိုင်တော့လို့
Naeun နဲ့ အတူ ကျောင်းသွားဖြစ်ခဲ့တယ်။

ကိုကို က Driver ခေါ်ပေးပင်မယ့် ကျွန်တော်ကို က naeun နဲ့ ကျောင်းသွားရတာ သဘောကျလို့ ဒီလိုပါပဲ။ကိုကို က ကျွန်တော့်သဘောမှန်သမျှ မညည်းညူ
​ဖြည့်ဆည်းပေးခဲ့တယ်။

ဒီနေ့ ကျောင်းဝယ်......

"ရောင်စဥ်..."

"အင်း Naeun...နင်ဘာဖြစ်နေတာလဲ "

"ငါ...ငါ..ဘာမှ မဖြစ်ပါဘူး "

"နင့်ကြည့်ရတာ စိတ်ညစ်နေသလိုပဲ..ဒါနဲ့ နင့်လက်ကပတ်တီးက ဘာဖြစ်တာလဲ "

"ဘာမှမဖြစ်ပါဘူး..... "

Naeun က လက်ကိုနောက်ဆုပ်ကာ

"နင် ဘာမှ မဖြစ်တာ သေချာလို့လား "

"သေချာပါတယ် "

အမှန်တော့ Naeun က ကျောင်းသူတွေရဲ့ အနိုင်ကျင့်တာကို ခံနေရတာပါ။ အထူးသဖြင့် James Major က ကျောင်းသူတွေက သူမကို ကြည့်မရခဲ့ပေ။ ဘာလို့လဲဆိုရင် ဒီတစ်ကျောင်းလုံးမှာ James ရဲ့ မိန်းကလေးသူငယ်ချင်းဆိုလို့ သူမ ပဲ
ရှိသည့်အတွက် မနာလိုကျပေ။

Naeun နဲ့ ရောင်စဥ် ကျောင်း စာကြည့်တိုက်မှ အပြန်ဝယ်။

"အား...ရောင်စဉ်.. ငါအရေးကြီး စာအုပ်ကျန်ခဲ့လို့ သွားယူအုံးမယ် "

"အင်း...ငါဒီမှာစောင့်နေမယ်နော် "

Naeun သွားလို့ ယူနေမည့်အချိန်ဝယ်။
သူမ အမှတ်မထင်ဘဲ သူမအား
အမြဲ အနိုင်ကျင့်နေကျ သူများနဲ့ တိုးတော့သည်။

အတင့်ရဲစွာ စာကြည့်ခန်းထဲထိ။

"နင့်ကို ငါဘာပြောထားလဲ James အနားမှာ မနေဖို့ "

"......"

"နင်က ဘာလို့ ငါတို့ပြောတာကို စောက်ဂရုမစိုက်ဘူးလား "

Sugar Daddy (or) Daddy ကကျွန်တော့်အပိုင်Onde as histórias ganham vida. Descobre agora