Sugar Daddy
(OR)
Daddyက ကျွန်တော့် အပိုင်အပိုင်း 19
ရောင်စဉ် မုန့်စားလိုက် TV ကြည့်လိုက်
ဖြင့်အလှုပ်ရှုပ်နေရှာသည်။ဒီတော့ သူအအေးသောက်မလို့ သူ့ကိုကို ကို ကြည့်လိုက်တော့ သူ့ကိုကို အိပ်နေသည်ကိုမြင်လိုက်ရသည်။
ကိုကို အိပ်နေတယ့်ပုံလေးက အရမ်းချောလို့ငေးမိလိုက်သည်။
မထင်မှတ်ပဲ လွှတ်ခနဲထွက်လာသည့်စကားလုံး
"ကိုကို က အရမ်းချောတာပဲ...."မုန့်တွေလဲကုန်ရော အထုပ်တွေလွှတ်ပြစ်ခွက်တွေသိမ်း မျက်နှာသစ် သွားတိုက် ခြေလက်ဆေးကာ စောင်လေးယူကာ
ကိုကိုရင်ခွင်ထဲဝင်ခွေကာ စောင်လေးအားနှစ်ယောက်အတူခြုံထားသည်။သူ့ကိုကို ရင်ခွင်ကသူ့အတွက်တော့ သက်တောင့်သက်သာအဖြစ်ဆုံး အိပ်ယာတစ်ခုပါ။
ဒီလိုနဲ့ရောင်စဉ်အိမ်မက်လှလှလေးဖြင့်အိပ်ပျော်သွားခဲ့သည်။
~~~~~~~~~~~
သာယာလှပသည့်မနက်ခင်းလေးဝယ်နေရောင်ခြည်ကမှန်နံရံမှတဆင့်ထိုးကာဖြာကျလာတော့သည်။
အာဏာကနေရောင်ခြည်ကြောင့်မျက်လုံးကျိန်းကာနှိုးထလာသည်။
သူသေချာကြည့်လိုက်မှသူဒီမှာအိပ်ပျော်သွားတာကိုသိလိုက်ရသည်။သူထမလို့လုပ်တော့သူရင်ခွင်ထဲကအကောင်ပေါက်လေးရှိတာကိုတွေ့လိုက်ရသည်။
အာဏာက သူ့ရင်ခွင်ထဲက ပေါက်စ ကိုကြည့်ကာဖြင့်
"အဟက်....ဒီကလေး ဘယ်ထဲဝင်အိပ်နေတာပါလိမ့်"နေရောင်ခြည်ကာ သူကလေးမျက်နှာပေါ်လေးဖြာကျတော့ ဟိုကအိပ်မရ လုပ်ရွရွဖြစ်လာသည်။
အာဏာ က သူလက်ဖြင့်သူ့ကလေးမျက်နှာပေါ်ကျနေသည့် နေအလင်းကို
ကာလိုက်သည်။ဒီတော့ အကောင်ပေါက် က ကောင်းကောင်းအိပ်ပျော်သွားပြန်သည်။
အချိန်တော်ကြာသည်ထိအာဏာ ကာပေးထားသည်။
ခဏကြာတော့ သူကလေးလေး နှိုးလာတော့...နှုတ်ခမ်းလေးဆူကာ အပျင်းကြောဆန့်ကာ လက်ဝါးသေးသေးလေးနဲ့ အာဏာရင်ခွင်ထဲသို့ ဟိုစမ်းဒီစမ်းလဲ လုပ်သေးသည်။