PART 6

3.6K 178 12
                                    

Sugar Daddy
          (OR)
Daddyက ကျွန်တော့် အပိုင်

အပိုင်း 6 ❤❤❤❤

ဒါပေါ့ အချိန်တစ်ခုမှာပဲ အိမ်သို့ပြန်ရောက်ခဲ့တော့သည်။

အိမ်ပြန်လမ်းတစ်လျှောက် နှုတ်ခမ်းလေးဆူကာ စိတ်ကောက်နေတယ့်ကိုယ်တော်ချောကြောင့် အာဏာ တစ်ခွန်းမှတောင်
မဟရဲခဲ့ပါ။

ဒီလိုမျိုးပါပဲ Company ကလူတွေအပြင် စီးပွားရေးအဖွဲ့စည်းက လူတိုင်းကြောက်ရတယ့် မင်းအာဏာစက် ဆိုတဲ့ ထိုပုဂ္ဂိုလ်မှာလဲ ကြောက်ရမယ့်သူရှိနေပါတော့လား။

"ရောင်စဥ် နေပါအုံး "

အိမ်ထဲသို့ ဆောင့်အောက်အောက်ဝင်သွားတဲ့ သူအနောက်ကိုလိုက်ကာ အလျင်လက်ကိုဆွဲဖမ်းလိုက်သည်။

"ဘာလဲ...ကိုကို "

"ရောင်စဥ် ကိုကို့ ကို စိတ်ကောက်တုန်းလား "

"ဟုတ်တယ်...အစက စိတ်ကောက်ရုံပဲ..အခုစိတ်ပါဆိုးတယ်သိလား "

"ဘာလို့လဲ..ရောင်စဥ်ရယ်..ကိုကို....ဘာလုပ်ပေးရင်စိတ်ဆိုးပြေမှာလဲ "

"ကိုကို....နောက်ခါ ကျောင်းကို လာမကြိုနဲ့....ပြီးတော့...ရောင်စဥ်ကို နောက်ခါ အဲ့လိုစကားတွေမပြောနဲ့ "

"ကိုကို နောက်ခါ လာလဲမကြိုတော့သလို.... ပြီးတော့ အဲ့လိုလဲ မပြောတော့ပါဘူး... "

"....."

"ဒါနဲ့ ဘာလို့လာမကြိုခိုင်းတာလဲ....ဘာလဲ ကိုကို့ ကို သဝန်တိုနေတာလား"

အမှန်တရားကို တည့်ပြောလိုက်တော့ ရှက်သွေးဖြာကာ

"မဟုတ်...မဟုတ်ပါဘူး...ကျောင်းမှာ ရောင်စဥ်က နာမည်ကြီးတယ်လေ ကိုကို က ကျောင်းကလဲ မဟုတ်ဘဲ နာမည်ကြီးသွားတာမျိုးမလိုချင်လို့...အဲ့တာကြောင့်

"ဟုတ်ပါပြီဗျာ....ဒီကလေးလေ စိတ်ဆိုးပြေပြီဆိုတော့...ညစာအတူစားရအောင်"

"ဟို...ကိုကို...ညက ဘာတွေဖြစ်ခဲ့လဲ မှတ်မိလား "

"ဟုတ်သား..ကိုကိုလဲ မေးမလို့...ညက ဘာတွေဖြစ်ခဲ့သေးလဲ ကိုကို မမှတ်မိလို့"

"ဘာမှ...ဘာမှ...မဖြစ်ခဲ့ပါဘူး... ကိုကို အခန်းမှားဝင်လာတာပါပဲ "

Sugar Daddy (or) Daddy ကကျွန်တော့်အပိုင်Where stories live. Discover now