PART 29

2.5K 126 4
                                    

Sugar Daddy
          (OR)

အပိုင်း 29

BuBu က သား​လေး ပါ 👦
DuDu က သမီးလေး ပါ👧

(ရောမှာဆိုးလို့)

ရောင်စဉ် လက်က မုန့်တွေအနားသို့ရောက်လာတယ့် ကလေးတွေအား
ရောင်စဉ်ကြည့်လိုက်သည်။

Naeun လဲ ရောက်လာကာ ရောင်စဉ်
ကိုငေးလိုက်သည်။ အနောက်က အာဏာလဲ မြင်ရော ဆွံအ သွားသည်။

ကလေးတွေက အာဏာ ကိုကြည့်ကာ
"ပါးပါး...အဲ့တာ ဘယ်သူလဲ"

ရောင်စဉ် က Naeun ကို မျက်လုံးနဲ့စကားပြောသည်။ ကလေးတွေကိုလာခေါ်ဖို့

Naeun က ကလေးတွေအနားသို့သွားကာ
"လာ...သေးသေးလေးတွေ..အန်တီနဲ့...အိမ်ထဲဝင်မယ်..."

Naeun က ရောင်စဉ် လက်ထဲက မုန့်တွေယူလိုက်သည်။

"မုန့်သွားစားရအောင်"

ကလေးတွေက Naeun နောက်ပါသွားခဲ့သည်။ သူ့ပါးပါးကို လက်ပြရင်း

ရောင်စဉ် က အာဏာ ကို ကြည့်ကာပြောလိုက်သည်။
"နောက်မှ တွေ့ရအောင်....ကျွန်တော်ဝင်တော့မယ်"

ပြောကာ ရောင်စဉ် ပြေးဝင်သွားသည်။

အာဏာ ခေါင်းမှာတော့ တွေးစရာတွေဝင်လာသည်။

🍀🍀🍀🍀❤❤❤❤🍀🍀🍀🍀

ရောင်စဉ် အိမ်ထဲရောက်တော့ ကလေးတွေမုန့်စားနေသည်။

"DuDu နဲ့ BuBu မုန့်စားကြနော် ပါးပါး အန်တီ နဲ့စကားပြောအုံးမယ်"

Naeun ကို ဂုတ်ကိုဆွဲကာ ကလေးတွေနဲ့အဝေးကိုခေါ်သွားသည်။

"နင်က ဘယ်လိုရောက်နေတာလဲ...ဘာလို့ ကလေးတွေကိုအပြင်ခေါ်လာတာလဲ"

"ဟယောင်း က နင့်ဆီ ဖုန်းဆက်တယ် နင်မကိုင်ဘူးတယ့် သူ့အမေ ကားတိုက်လို့အရေးပေါ်ထွက်သွားရတယ်...အဲ့တာကြောင့် ငါ့ဆီဖုန်းဆက်ပြီး ကလေးတွေလာကြည့်ခိုင်းထားတာ...ခွင့် 1ပတ်တောင်းသွားတယ်"

"ထားလိုက်ပါတော့.. ငါသိပြီ"

"နင်ရော..ဘယ်လိုလုပ်...Mr.Min နဲ့ တွေ့နေတာလဲ"

"ငါ စိတ်ညစ်လိုက်တာ သူဘယ်လို သိနေတာလဲ မသိဘူး...ငါသုတ်ပိုးယူတာသူသိနေတယ်"

Sugar Daddy (or) Daddy ကကျွန်တော့်အပိုင်Where stories live. Discover now