PART 9

2.9K 168 4
                                    

Sugar Daddy
          (OR)
Daddyက ကျွန်တော့် အပိုင်

အပိုင်း 9 ❤❤❤❤

"ကိုကို....."

အသံတုန်လှုပ်စွာဖြင်​ခေါ်လိုက်သည်။

အာဏာ နဲ့ ထိုကောင်မလေးက လှည့်ကြည့်လိုက်သည်။

"အော်...ရောင်စဥ်..."

ထိုကောင်မလေးက စားပွဲကနေ ဆင်းကာ အာဏာနဲ့ အတူ ရောင်စဥ် အနားကိုလျှောက်လာသည်။

ရောင်စဥ် သဘောတော့မတွေ့ပါ မြင်ရသည်မှာ လုံးဝသဘောမကျပါ ကြိုးစားပြီးတော့ဖြစ်ဖြစ်

"အာဏာ...သူက...အာဏာပြောတယ့်
ညီလေးလား..."

"ဟုတ်တယ်..Anna.."

Anna က ရောင်စဥ်ကို လက်ပြကာ

"Hey...ငါ့နာမည်က Anna... "

"Hi...ရောင်စဥ်ဖြာပါ "

ရောင်စဥ် အသက်မပါသလို ပြန်ပြောလိုက်သည်။ အာဏာ က ရောင်စဥ်လအားကြည့်ကာ

"ရောင်စဥ် က ဘယ်လိုရောက်လာတာလဲ"

"အော်...အငှားကားနဲ့ "

"ဟင်...နောက်ခါ အငှားကားနဲ့ မလာနဲ့ ကိုကို စိတ်မချဘူး...ကား နဲ့လာ ကိုကို ရောင်စဥ်အတွက် လူယုံတစ်ယောက်ပေးထားမယ် "

"ဟုတ်..."

ရောင်စဥ် သိပ်ပြီး ဘဝင်မကျပေ။

"ရောင်စဥ်...ကိုကို့ ရုံးထိ ဘာကိစ္စရှိလို့လဲ"

ရောင်စဥ် ကသူ့ကိုကို နားသို့ ပြေးကပ်ကာ လက်မောင်းကိုဖတ်တွယ်လျှက်

"ကိုကို...ရောင်စဥ်နဲ့ နေလည်စာ သွားစားရအောင်လေ "

"....."

"ကိုကို....ဘာဖြစ်နေတာလဲ "

အာဏာ က မျက်နှာမကောင်းစွာ ပြန်ပြောခဲ့သည်။

"sorry...ရောင်စဥ်....ကိုကို...Anna နဲ့ စားမယ်လို့ပြောထားလို့...အလုပ်ကိစ္စအချို့...ဆွေးနွေးရင်း...ကိုကို...တောင်းပန်ပါတယ် "

ရောင်စဥ် ဖတ်တွယ်ထားတဲ့ လက်မောင်းကို အသာလွှတ်လိုက်သည်။

"ကိုကို.....ထားလိုက်ပါ...ကိုကိုတို့ပဲသွားပါ "

ပြီးတော့ဘနောက်ပြန်လှည့်မကြည့်ဘဲ အခန်းထဲက ပြေးထွက်သွားသည်။

Sugar Daddy (or) Daddy ကကျွန်တော့်အပိုင်Where stories live. Discover now