PART 10

3.3K 183 13
                                    

Sugar Daddy
          (OR)
Daddyက ကျွန်တော့် အပိုင်

အပိုင်း 10 ❤❤❤❤

ည 7 နာရီလောက်မှပဲ ရောင်စဥ်က Naeun နဲ့အတူ အလှဆုံးဝတ်ကာ partyသို့ လာတော့သည်။

James Birthday party က အရမ်းလူစည်းကားသည်။ ကျွန်တော်အခုတော့ ကြောင်တောင်တောင်မဖြစ်တော့ဘူး ဒီထက်ကြီးမားပြီးခမ်းနားလှတယ် party တောင်ရောက်ဖူးခဲ့တာ အခုတော့ အေးဆေးပင်။

စားပွဲပေါ်ကာ ဝိုင်ခွက်ကိုလှမ်းယူရင်း party ထဲသို့လျှောက်လာခဲ့သည်။

ကျွန်တော်ကို လူတွေက မျက်လုံးအမျိုးမျိုးနဲ့ကြည့်နေကြသည်။ တစ်ချို့မျက်လုံးတွေ လှလိုက်တာဆိုတဲ့မျက်ဝန်းတွေ တစ်ချို့ကတော့ မနာလိုတဲ့မျက်ဝန်း အချို့ကတော့ဂရုပင်မစိုက်...ဒီလိုပါပဲ

ဒီချိန် James ကရောက်လာသည်။

သူက Naeun ကိုမမြင်ဘဲ သူ့မျက်လုံးထဲ ရောင်စဥ်ကိုသာမြင်သည်။

"ရောင်စဥ် မင်းအစစ်ပါနော်"

"ဘာ..."

"Naeun...ကျေးဇူးပဲကွာ.."

ပြောတော့ Naeun က ခေါင်းညှိမ့်ပြသည်။

Naeun အားရှောင်ပေးရန်မျက်စိအရိပ်ကဲ ပြနေသည့် James အားမြင်တော့

"ရောင်စဥ် ငါ သန့်စင်ခန်းသွားအုံးမယ် James နဲ့နေခဲ့နော်..ငါပြန်လာခဲ့မယ်"

"အင်း..မြန်မြန်နော်..."

သူတို့ကို ရှောင်ထွက်ပေးလိုက်သည်။

"ရောင်စဥ် လာလေ...."

James က ရောင်စဥ်ကို လူရှင်းတဲ့နေရာကို ပို့ပေးခဲ့သည်။

"James ငါနင့်အတွက် လက်ဆောင်မယူလာမိဘူး...ဘာကြိုက်တတ်လဲ မသိလို့...နင်ဘာလိုချင်လဲ "

"ဟင့်အင်း....ငါဘာမှ မလိုချင်ဘူး..မင်းရောက်လာတာက ငါ့အတွက်..အကောင်းဆုံးမွေးနေ့လက်ဆောင်ပဲ...မင်းမျက်နှာလေးကို...ငါမြင်ချင်ခဲ့တာ "

"James ....ငါ့ကို နေရခတ်အောင်မလုပ်ပါနဲ့လား"

ရောင်စဥ် မျက်နှာကို လွဲလိုက်သည်။

"okay..sorry... လာ..မင်းဘာသောက်ချင်လဲ "

"ငါ့ကို..တလောကလုံးကိုမေ့သွားစေ
မယ့်..ဟာသောက်ချင်တယ်"

Sugar Daddy (or) Daddy ကကျွန်တော့်အပိုင်Where stories live. Discover now