PART 27

2.4K 137 8
                                    

Sugar Daddy
          (OR)

အပိုင်း 27

ရောင်စဉ် အနားသို့ တရွေ့ရွေ့လျှောက်လာသည့် အာဏာ လက်က ရောင်စဉ်
ပုခုံးပေါ်ကို တင်လိုက်သည်။

ရောင်စဉ် တစ်ကိုယ်လုံး တုန်တတ်လာသည်။

ရောင်စဉ် က အာဏာ ကို လှည့်ကြည့်လိုက်သည်။

"ဘာကိစ္စများလဲ..."

အာဏာ က ရောင်စဉ် မျက်ဝန်းတွေကို ကြည့်ကာဖြင့်
"ဘာလို့ Mask ကို တစ်ချိန်လုံး
တတ်ထားရတာလဲ"

ရောင်စဉ်က စကားတွေထစ်ကာ
"အော်...ကျွန်တော်နှာချေနေလို့ မကူးအောင်ပါ"

"နာမည် ဘယ်လိုခေါ်လဲ "

"chanhoon ပါ..."

အာဏာ က ခေါင်းညှိမ့်သည်။

"သွားခွင့်ပြုပါအုံး..."
ပြောကာ ရောင်စဉ် အလျင်ပြေးထွက်လာသည်။

မိတော့မလို့ကနေ လွတ်ထွက်သွားသည်။

အာဏာ စိတ်ထဲမှာ တစ်မျိုးကြီး
ခံစားနေရသည်။

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

ရောင်စဉ် ရဲ့ အခန်းဝယ်.....

Naeun က အသံကျယ်ကြီးဖြင့်

"ဘာ.....အဲ့တာ Mr.Min..လား"

"ဟုတ်ပါတယ်ဆို..."

ရောင်စဉ် က သူသောက်နေကျ
အအေးဘူးလေးကိုကိုင်ကာဖြင့်
"နင် အစည်းအဝေး စတော့ မမြင်ဘူးလား.project ဖိုင်ထဲမှာ..သူ့နာမည်ကြီးအပေါ်ကရေးထားတာ"

Naeun က ပခုံးတွန့်ရင်း
"တွေ့ပေမယ့် အသံမထွက်တတ်လို့.."

သူမက ဆက်ပြောသေးသည်။
"ချောလာလိုက်တာဟယ်..Daddy Type ကြီးနဲ့ ငါတောင်ရင်ခုန်သွားသေးတယ်"

ရောင်စဉ် က ထိုင်ခုံမှာထိုင်ကာ ဖုန်းကိုယူပြကာ "James ကိုငါပြောလိုက်ရမလား"
မေးလိုက်သည်။

Naeun က ခေါင်းကိုခါပြကာ
"စတာပါဟာ...နင်အခု ဘာဆက်လုပ်မလဲ"

ရောင်စဉ် ဖုန်းကို ပစ်ချလိုက်သည်။
"ငါပုန်းကွယ်နေမယ်...ငါ့ကို ကူညီဟာ"

Naeun က ရောင်စဉ် ဘေးသို့လာခဲ့သည်။
"ငါကူညီတာကတော့ရပါတယ်..ဒါပေမယ့် အမှန်တရားကိုကြာကြာမဖုံးကွယ်နိုင်ဘူးနော်"

Sugar Daddy (or) Daddy ကကျွန်တော့်အပိုင်Where stories live. Discover now