PART 25

2.5K 134 8
                                    

Sugar Daddy
          (OR)

အပိုင်း 25

အာဏာ ရဲ့ အပြောဆိုပေါ် Hanizel အလွန်ပေါက်ကွဲလာသည်။

"မင်းဘယ်လိုပြောလိုက်တာလဲ...ဒါမင်းမိန်းမ နဲ့ ကလေးနော်..."

အာဏာ ခပ်ဟဟရယ်လိုက်သည်။
"အဟက်....မင်းတို့ကိုယ်တိုင်လဲသိပါတယ်....အဲ့ကလေးက ကျွန်တော့်ကလေးမဟုတ်တာ..."

အာဏာ က ခြေချိတ်ကာပြောသည်။
"ဒါကို Hanရဲ့အမေက သိပြီးလောက်ပြီပေါ့.....ကျွန်တော်သာအတင်းဆွတ်ငြင်းရင် ပြင်သစ် Media တွေရဲ့ CEO Hanizel ကို ကျွန်တော်နည်းနည်းတော့ကြောက်သင့်တာပေါ့..."

အခြေအနေအမှန်တွေကိုပြောပြနေတော့ Hanizel မျက်ဝန်းတွေဟာ ကြောက်ရိပ်ခြေတွေဖြတ်ဖြတ်သွားခဲ့သည်။

အာဏာ ကတော့ ဆက်ပြောသည်။
"ဒါကြောင့်ဖြစ်နိုင်ချေတွေကြိုတွက်ပြီး ငြိမ်နေခဲ့တာ...ရိုးရိုး Han လောက်သာဆိုကျွန်တော်ဖွင့်ထုပ်လိုက်သာကြာပြီ...အရင်ဆုံး အခြေနေတွေစောင့်ကြည့်လိုက်မှ...Hanအမေက ကျွန်တော့်ကိုပိုလိုချင်နေတာကိုသိလိုက်ရတယ်...."

Han ကိုယ်တိုင်ကလဲ မရေရာမသေချာ သူ့အမေအကြောင်းကို နားထောင်နေရသည်။

"ကျွန်တော်အခြေနေတွေကိုစောင့်မကြည့်ခဲ့ရင်...နာမည်ကြီး သတင်းမီဒီယာ CEO ဖြစ်တယ့် Hanizel က ဘာတွေဆက်လုပ်မလဲဆိုတာ...ကျွန်တော်ကြိုတွေးရမယ်"

"ကျွန်တော်ကဖြစ်နိုင်ချေတွေကိုတွေးပြီးတော့...အခုလိုပုံစံလေးလုပ်ထားတယ်...ဒါကို ငါတို့ကိုလုပ်ကြံတယ့်သူက cctv ကနေဖြတ်ထားပေမယ့်...ငါ Hacker တွေကိုခေါ်ပြီးမနည်းရအောင်ပြန်လုပ်ထားရတာ...ဒါတောင်အကုန်မရခဲ့ဘူး.."

အာဏာ က သူ့ဖုန်းက video တစ်ခုကိုဖွင့်ပြသည်။

သူမတို့နှစ်ယောက်လုံးကြည့်လိုက်သည်။

Han နဲ့ အာဏာ ကို အခန်းထဲကိုဝင်သွားခဲ့သည်။

ဆယ်မိနစ် လောက်အကြာမှာ ရောင်စဉ် ဝင်သွားခဲ့သည်။

"မင်းတို့မြင်လဲ သိမှာပါ...မင်းနဲ့ငါဝင်ပြီး အခန်းထဲမှာ ဘယ်သူစောင့်နေလဲ...မင်းနဲ့ငါဆေးပေးခံလိုက်ရပြီ...ရောင်စဉ် ဆယ်မိနစ်အတွင်းရောက်လာတာ...မင်းနဲ့ငါ အဲ့အချိန်လောက်နဲ့ sex လုပ်နိုင်ပါ့မလား.."

Sugar Daddy (or) Daddy ကကျွန်တော့်အပိုင်Where stories live. Discover now