Part(1)

30.6K 2K 188
                                    

ကင်မ်ထယ်ယောင်းက Jeon Kingdom၏အစွန်းဘက်ကျကျနယ်မြေတစ်ခု တွင်နေထိုင်သော Pure Blood
Omega တစ်ယောက်ဖြစ်သည်။ သူ၏မိဘနှစ်ပါး
လုံးမှာ Omega တွေဖြစ်ကြပြီးမွေးချင်မောင်နှမနှစ်ယောက်ရှိသည့်အနက် သူ့ညီမ ငယ်လေးမှာ လှပချော
မောသော Omega မ လေးဖြစ်ပြီးသူကတော့ တစ်ရာ
မှာတစ်ယောက်ဖြစ်ခဲသည့် Pure blood Omega ပင်။
Omega တွေကအားနည်းသည်မို့ ဤ သို့တစ်မိသားစု
လုံး Omega တွေပဲစုနေသောအခါအလွန်အန္တရာယ်များ
သောကြောင့် သိုသိုသိပ်သိပ်နေခဲ့ရပြီးနောက်ဆုံးမျိုး
နွယ်စုခေါင်းဆောင်ချွဲမင်ဟို လက်အောက်သို့ခိုလူံ့ခဲ့ကြသည်။ Pack မှာ Alpha အင်အားနည်းတဲ့အပြင် Beta
တွေလည်းရောနှောနေသည် ။အခြားခြားသော Omega
တွေလည်းရှိသည့်တိုင် မျိုးနွယ်စုခေါင်းဆောင်ကထယ်
ယောင်းနဲ့သူ့ညီမအပေါ်ပိုပြီးဂရုစိုက်သည်။ဂရုမစိုက်
လို့လည်းမဖြစ်...ထယ်ယောင်းက ရှားပါးတဲ့သွေးသန်
Omega တစ်ယောက်ဖြစ်ပြီးသူ့ညီမလေးဟေဆောင်းက
တော့မျိုးနွယ်စုခေါင်းဆောင်ချွဲမင်ဟိုနှင့်ချစ်ကြိုက်နေ
ပြီးဖြစ်သည်။ထယ်ယောင်းအဖေက တစ်ခါတစ်လေ
တောနက်နက်ထဲအမဲလိုက်လေ့ရှိပြီးအမေနဲ့ညီမလေး
ကတော့အိမ်မှာပင်ဒိုင်ခံအိမ်အလုပ်တွေနဲ့အလုပ်ရူပ်နေ
တတ်သည်။ထယ်ယောင်းကတော့အပိုဝင်ငွေလေး
ဘာလေးရရန်တောထဲဝင်ပြီးတောပန်းလေးများခူးကာ
ရောင်းတတ်သည်။သူက Alpha တစ်ယောက်လိုကြမ်း
တမ်းတဲ့သစ်ခုတ်ဝါးခုတ်အလုပ်များဖြင့်ငွေမရှာတတ်
သော်လည်းတောထဲအလေ့ကျပေါက်နေသောရောင်စုံ
တောပန်းပွင့်လေးများကိုခူးကာကြိုးဖြင့်သီရင်းတစ်အိ
မ်ဝင်တစ်အိမ်ထွက်ရောင်းတတ်သည်။ဒီရောင်းရငွေ
လေးတွေသူတို့ဟင်းစာပြန်ဝယ်ဖို့လုံလောက်ပါလေရဲ့။

အခုကြိမ်ခြင်းလေးထဲတွင်သူလိုချင်သလောက်တောပန်း
ပွင့်များရသောအခါပန်းခူးခြင်းအလုပ်ကိုရပ်တန့်လိုက်
သည်။တောတွင်းသတ္တဝါလေးတွေသည်လည်းနေ့
တိုင်းတောနက်ထဲထိပန်းလာလာခူးတဲ့ထယ်ယောင်းအား
မှတ်မိသွားကြပြီးအရေးတယူလုပ်မနေတော့။ထယ်ယောင်းသည်ပန်းခြင်းကိုဆွဲရင်းမိမိ Pack ရှိရာသို့ဦး
တည်ပြန်လာခဲ့သည်။အပြန်လမ်းမှာလည်းမနေ့တုန်း
ကပန်းမှာယူထားတဲ့လူတွေအကြောင်းလက်လေးချိုး
ကာရေတွက်လာခဲ့သည်။အလှကြိုက်တဲ့ Omega မလေး
ဆွန်ယောင်းကပန်းတွေအများကြီးမှာယူထားသလို
ဖောက်သည် အဒေါ်ကြီးတစ်ယောက်ဆီကိုလည်းပန်း
တွေအများကြီးသီပြီးပို့ပေးရဦးမယ်ဖြစ်သည်။ဒီနေ့
လည်းရောင်းကုန်ကာပိုက်ဆံတွေအများကြီးရမည်မို့
ထယ်ယောင်းမှာအူမြူးလျှက်။သူကသီချင်းကိုအသံ
ခပ်တိုးတိုးဖြင့်ည ည်းလားခဲ့သည်။သူ့ညီမလေးဟေ
ဆောင်းမှာသူနဲ့အမွှာတွေဖြစ်ပြီးမိနစ်အနည်းငယ်လောက်
သာသူကကြီးသည်။ဒီတစ်နှစ် ရာသီကုန်သည်နှင့်မျိုး
နွယ်စုခေါင်းဆောင်ချွဲမင်ဟို ၏ Mate ဖြစ်လာမှာဖြစ်ပြီး
Pack တွင်ခမ်းခမ်းနားနားမဂ်လာပွဲကျင်းပမည်ဖြစ်သည်။ချွဲမင်ဟိုမှာမျိုးနွယ်စုခေါင်းဆောင်ပီပီသန်မာ
ကြံခိုင်ပြီးသော Alpha တစ်ယောက်ဖြစ်သည်မို့ထယ်
ယောင်းတို့မိသားစုဘက်ကဘာမှကန့်ကွက်စရာမရှိ။
သူ့ညီမလေးဟေဆောင်းမှာအားကိုးရာ Alpha ရှိသွား
ပြီမို့ဝမ်းသာလုံးသာစို့နေရသည်။ထိုလက်ထပ်ပွဲအတွက်
မျိုးနွယ်စုခေါင်းဆောင် Alpha ကဘာမှစိတ်မပူကြရန်
ပြောထားသော်လည်းထယ်ယောင်းတို့မိသားစုကမူသူ့
ညီမအတွက်ခန်းဝင်ပစ္စည်းလေးတွေအထိုက်အလျှောက်
ထည့်ပေးလိုက်ချင်သည်မို့ငွေကိုတတ်နိုင်သလောက်ရှာကာစုဗူးသေးသေးလေးဖြင့်စုထားသည်။တောစပ်ရောက်
သည်နှင့်မီခိုးတွေတလူလူထွက်နေသောမျိုးနွယ်စုယာ
တဲအိမ်လေးများကိုအဝေးကပင်လှမ်းမြင်နေရသည်။
ထယ်ယောင်း၏ဖြူဖွေးနူးညံသောအသားအရေတွင်
ချွေးကလေးတွေစို့နေသည့်တိုင်ချောမောလှပမူ့ကလျှော့
မသွား။ချွေးများကိုအကျီလက်စနှင့်ကပျာကယာသုတ်
လိုက်ပြီး Pack သို့သုတ်​​ခြေတင်လာခဲ့သည်။

His Omega(Complete)Where stories live. Discover now