Part..6

12.6K 1.5K 74
                                    

ဂျောင်ကု၏တစ်နေ့တာလုပ်ငန်းစဥ်သည်မနက်မိုးစင်
စင်လင်းသည်နှင့် လေ့ ကျင့်ကွင်းသို့တန်းဆင်းရတော့
သည်။Crown Prince ရဲ့ဂုဏ်ပုဒ်နဲ့အညီသူကတစ်ချိန်
မှာKing ဖြစ်လာမဲ့သူပင်။ထို့ကြောင့်သာမာန် Alpha
တွေထက်ပိုသန်မာရန်လို့အပ်သည်။Alpha အများစုမှာ
မနက်အလင်းပိုင်းကတည်းကလေ့ကျင်ကွင်းကိုကြို
ရောက်နေကြပြီးသက်လုံကောင်းရန်အပြေးလေ့ကျင့်
ကြသည်။ထို့နောက်..ကိုယ်ခံပညာရပ်ကိုအထူးတစ်လည်
လေ့ကျင့်ပြီးချိန်နန်းတော်မျှော်စင်က ကြီးမားသော
နာရီကြီးသည်

"ဒေါင်...ဒေါင်..ဒေါင်..."

ဆိုပြီးခုနှစ်ချက်ထမြည်တော့သည်။ထိုအချိန်ဆိုလေ့ကျင့်
ရေးပြီးဆုံးပြီးစစ်သားများသည်ကိုယ်ကျရာတစ်နေ့တာ
တာဝန်ကိုခွဲဝေယူကြကာအလုပ်လုပ်ကြတော့သည်။
ဂျောင်ကုသည်လည်းလေ့ကျင့်ရေးပြီးဆုံးသည်နှင့်နန်း
တော်ထဲသို့ပြန်လာခဲ့သည်။ပန်းဥယာဥ်ကအဖြတ်သူ့
Omega လေးထယ်ယောင်းအတွက်အလှဆုံးသောနှင်း
ဆီးပန်းလေးကိုချိုးကာယူခဲ့သည်။နှင်းဆီနီကချစ်ခြင်း
၏အငွေ့အသက်ဆိုပါလျှင်သူကထယ်ယောင်း၏တစ်
ကိုယ်လုံးကိုထိုနှင်းဆီပန်းရနံများဖြင့်သာကြိုင်လိူင်
သင်းထုံစေမည်ဖြစ်သည်။ဂျောင်ကုသူ့အဆောင်ကိုသူ
တည့်တည့်မပြန်။နန်းတွင်းညီလာခံက ရှစ်ခွဲစမည်ဆို
ပါသော်ငြားသူ့မှာသူ့ Omegaလေးမျက်နှာမြင်ရဖို့အချိန်
ရှိသေးသည်လေ။ထို့ကြောင့်...ရေမိုးမချိုးဘဲထယ်ယောင်းအခန်းဆောင်တွင်းသာဝင်လာခဲ့သည်။ထယ်
ယောင်းကအခန်း၏ကျွန်းပြူတင်းပေါက်နားမှာရပ်
ကာသူဝင်လာတာကိုပြုံးပြုံးလေးကြိုဆိုနေသည်။

ထယ်ယောင်းကိုယ်မှထွက်သောခပ်သင်းသင်းလာဗင်ဒါ
ရနံလေးကိုရူရိူက်လိုက်သောအခါဂျောင်ကုစိတ်ငြိမ်အေး
ချမ်းရာနတ်ပြည့်လေးတွေသည့်သဖွယ်အမောပြေရတော့သည်။

"ဒီပြူတင်းပေါက်ကလှမ်းကြည့်ရင်..လေ့ကျင့်ရေးကွင်း
ကိုအားလုံးမြင်နေရတယ်...Alpha တွေကလူအဖွဲ့စည်း
ရဲ့ပထမလူတန်းစားတွေပီသတယ်..တစ်အားကိုသန်မာ
ကျတယ်....."

ထယ်ယောင်းသည်သူ့စိတ်ထဲရှိတာကိုပွင့်ပွင့်လင်းလင်း
ပြောချလိုက်သည်။မျက်နှာလေးလန်းနေတဲ့အပြင်သူ့ကိုလည်းစကားတွေအများကြီးလာပြောကာပျော်ရွှင်ပုံရနေ
တဲ့ထယ်ယောင်းရယ်။ဂျောင်ကုပါပြူးတင်းပေါက်ဘက်လျှောက်လာကာထယ်ယောင်းနဲ့အတူတူယှဥ်ပြီးမတ်
တပ်ရပ်လိုက်သည်။ထယ်ယောင်းက Omega ဖြစ်ပေမဲ့
ပုသေးတဲ့အထဲမပါပဲအရပ်ရှည်ကာကြည့်ကောင်းသည်။
ထို့သို့သော ကြီးထွားမူ့ရှိတဲ့ Omega တောင်သူ့ဘေးနား
က Crown Prince ဂျောင်ကုယှဥ်လျှက်အလိုလိုသေးကွေးသွားရသည်။

His Omega(Complete)Where stories live. Discover now