Part..13

9.6K 1.1K 44
                                    

ထယ်ယောင်းမှာဂျောင်ကုခေါ်ရာနောက်သို့ဒရောသော
ပါးလိုက်သွားရတော့သည်။ဆုပ်ကိုင်ထားတဲ့ဂျောင်ကု
လက်တွေဆီမှပူပြင်းပြင်းအထိအတွေ့နဲ့အတူချွေးစေး
ပါပျံနေသည်ကိုထယ်ယောင်းခံစားမိသည်။ကောင်း
ကင်ကြီးအောက်က. ..ကမ္ဘာကြီးကျုံ့ဝင်သွားသလို
သူနဲ့ဂျောင်ကုရဲ့ပျော်စရာအချိန်များသည်မွန်းကျပ်မူ့
တွေတစ်ဖြည်းဖြည်းကျုံ့ဝင်တိုက်စားခြင်းခံလိုက်ရသည်။Hall ကျယ်ကြီးတွေတစ်လျှောက်ဖြတ်သန်းရင်း
နောက်ဆုံးပန်းခြံရှေ့ရေပန်းကြီးဆီသူတို့နှစ်ယောက်လုံး
ရောက်လာခဲ့သည်။

"ဂျွန်..."

ဂျောင်ကုမျက်နှာမှာအလိုမကျမူ့တွေရောယှက်ရင်း
မာထန်နေသည်။မျက်မှောင်ကြီးတွေကြုံထား​ကာ
လေပူတွေတစ်ချက်ပြီးတစ်ချက်မူတ်ထုတ်နေသောဂျောင်ကုကိုကြည့်ကာထယ်ယောင်းပါစိတ်အိုက်လာရသည်။စိတ်လူပ်ရှားမူ့ကြောင့်ဂျောင်ကု ကိုယ်မှ Pheromones
အနံခပ်ပြင်းပြင်းထွက်နေပြီးထယ်ယောင်းကတော့
ထို Pheromones တွေနဲ့ရင်းနှီးပြီးသားမို့မသက်မသာ
ဖြစ်ခြင်းကိုမခံစားရတော့။

"သူပြောတာယုံလား..."

ထယ်ယောင်းဒီမေးခွန်းအတွက်ခေါင်းလည်းမခါသလို
ခေါင်းလည်းမငြိမ့်ပစ်ခဲ့။ လီဒုံမာန်ဟူသည် JEON
Kingdom တစ်ခုလုံးမသိသူမရှိအောင်နာမည်ကြော်ကြားသူ။သူဟောတဲ့ဟောစာတမ်းတွေမှာမမှန်တာမရှိ။
ရှေ့ဖြစ်နမိတ်လည်းကျွမ်းသည်ဖြစ်သောကြောင့်
လီဒုံမာန်၏စကားကိုမယုံဘူးလို့သူဘယ်လို့ပြောထွက်ပါ့မလဲ။လီဒုံမာန်စကားသာမှန်ရင်သူတို့နှစ်ယောက်လုံးဝမ်းနည်းဖွယ်ရာအဆုံးသတ်ပင်။

"ကိုယ်​ပြောတာယုံလားလို့..."

အီလေးအလေးဖြစ်နေသောထယ်ယောင်းအားမျက်နှာ
ချင်းဆိုင်ကာပခုံးလေးအားလက်နှစ်ဖက်ဖြင့်ကိုင်ဆောင့်
မိလိုက်သည်။

"မသိဘူး..."

ဂျောင်ကုမှာထယ်ယောင်းအားအနည်းငယ်စိတ်ပျက်
သလိုကြည့်လာသည်။ထယ်ယောင်းဆီကရှင်းရှင်း
လင်းလင်းယုံရင်ယုံတယ်..မယုံရင်မယုံဘူးဆိုတဲ့အဖြေ
တစ်ခုကြားချင်ခဲ့တာ။ဂျောင်ကုအတွက်ထိုအကြားအမြင်ဆရာစကားတွေသည်ဟာသတစ်ခုလို
ပင်။သူက သူ့ကိုယ်သူယုံတယ်နောက်ပြီးထယ်ယောင်း
ကိုလည်းယုံတယ်။သူနဲ့ထယ်ယောင်းကြားအချစ်က
ဘာသံသယမှထားစရာမလိုအောင်စစ်မှန်လွန်းလှပါသည်။

His Omega(Complete)Where stories live. Discover now