Part..15

9.6K 1K 63
                                    

JEON KingDom တစ်ခုလုံးအတွက်ဒီနေ့မှာမဂ်လာအရှိ
ဆုံးအချိန်ပင်။JEON Kingdom ၏ Crown prince
မှာဒီနေ့သူ၏ Mate နဲ့အတူလက်ထပ်ပွဲ ကျင်းပမည်ဖြစ်
သည်။ထို့ကြောင့်နိုင်ငံတစ်ဝှမ်းလုံးပျော်ပွဲရွှင်ပွဲတွေနဲ့
ပြည့်နေကာလမ်းမကြီးတွေထက်ကပြဖျော်ဖြေမူ့များနှင့်
အလွန်စည်ကားလျှက်ရှိသည်။နန်းတော်ကြီးအတွင်းမှာလည်းမူးမတ်ဝန်ကြီးများအပြင်သူဌေးသူကြွယ်တွေကအစအထူးတလည်ဖိတ်ကြားထားတဲ့နိုင်ငံသံတမန်များနှင့်ကြ က်ပျံမကျစည်ကားလျှက်ရှိသည်။မဂ်လာပွဲတက်
ရောက်ချီးမြှင့်တဲ့သူတိုင်းသည်Crown Prince ရဲ့ Mate က Male Omega တစ်ယောက်ဖြစ်တဲ့အပြင်ရှားပါး Pure Blood Omega လေးဖြစ်သည့်အတွက်အလွန်တစ်ရာမှအားကျနေရတော့သည်။

နန်းတော်ကြီးအတွင်းကခန်းမကြီးတွင်လည်းထယ်ယောင်းမှာဇာနဲ့စပ်ကာချုပ်လုပ်ထားသောအဖြူရောင်သတို့သားတော်ဝင်ဝတ်စုံကိုဝတ်ဆင်ထားသည်။ထယ်
ယောင်းကဘာမှပြင်ဆင်ချယ်သထားခြင်းမရှိသည်တိုင်မျက်နှာလေးကဖြူဥနုဖတ်နေသည့်အတွက်ကြောင့်မျက်နှာချေအများကြီးလိမ်းရန်မလို။အလှဖန်တီးရှင် Beta အမျိုးသမီးလေးတွေမှာ ထိုOmega ရဲ့အလှကိုမချီးကျူးပဲမနေနိုင်တော့။မျက်တောင်ရှည်ကြီးတွေကာရံထားသောမျက်ဝန်းပြာကြီးတွေကြည့်လဲ့နေကာရေပြင်အလား။နှာခေါင်းလုံးလုံးပေါ်ကမှဲ့နက်လေးကလည်းဆွဲဆောင်းမူ့ရှိလှပြီးမြင်ရသူအဖို့မျက်စိမလွှဲချင်နိုင်စရာ။ဒီ Omega က လှပချောမောကာအဖိုးတန်လှသည်။ဒါ့ကြောင့်တော်ဝင်မျိုးနွယ်ရဲ့နောက်တစ်ချိန်ဆက်ခံသူဖြစ်လာမဲ့ Crown Princeဂျွန်ဂျောင်ကုနဲ့သာထိုက်တန်သည်ကအမှန်တစ်ကယ်သာ။ရံရွှေတော်တို့သည့်ရွှေဝါရောင်ဆံနွယ်တို့အားလှလှပပဖြီးသင်ကာပုံသွင်းပေးလိုက်ရုံသာ။

"ယောင်း...အဆင်ပြေလား..."

CrowPrince က အခန်းထဲရောက်ချလာသည်မို့ဝန်းရံ
ကာအလှပြင်ပေးနေသေားမိန်းမပျိုတစ်သိုက်မှာဘေး
သိုအနည်းငယ်ရှဲပေးလိုက်ရသည်။ထယ်ယောင်းမှာကြီး
မားသောမှန်တင်ခုံကြီးအရှေ့တွင်ကျောပေးထိုင်နေပြီး
အကျောအဆစ်တွေပြေပြစ်လှပသောနောက်ပိုင်းကောက်ကြောင်းအလှကိုထင်ဟပ်ပြထားသည်။ဂျောင်ကု
မှာလည်းထိုအလှတရားလေး၏ဆွဲဆောင်မူ့ကိုမလွန်ဆန်
နိုင်ရာအနားသို့လျှောက်သွားပြီး မြတ်နိုးသူလေး၏ glandနေရာလေးအားဖိကပ်ကာတရူံ့ရူံ့နမ်းလိုက်မိသည်။သူပေးခဲ့တဲ့ ယာယီအမှတ်အသားလေးကပျောက်လုလုမို့ထယ်ယောင်းဆီကသူ့သဘောကျတဲ့လာဗင်ဒါရနံခပ်သင်းသင်းလေးမွှေးနေသည်။ရံရွှေတော်
တစ်သိုက်မှာလည်းထိုအခြေအနေကြောင့်အခန်းထဲဆက်
မနေရဲတော့ပဲခေါင်းငုံ့ကာပင်အခန်းအပြင်ဘက်သို့
အမြန်​ပြေးထွက်သွားကြတော့သည်။

His Omega(Complete)Where stories live. Discover now