Part..14

8.7K 1.1K 123
                                    

"ပြောစရာရှိတယ်ဆို...."

နန်းတော်ကြီး၏လသာဆောင်တွင်ဂျောင်ကုနှင့်ဟယ်လင်
မှာမျက်နှာချင်းဆိုင်ရပ်နေကြသည်။ညလေပြေသည်
သူတို့နှစ်ယောက်ကြားအေးစက်မနေဘဲပူစပ်ပူလောင်ခံ
စားချက်ကြီးသာပေးစွမ်းသည်။ဟယ်လင်နဲ့မတွေ့တာကြာပြီဖြစ်လို့ဘယ်ကဘယ်လိုစကားစပြောရမှန်းဂျောင်ကုမသိ။ဟယ်လင်မှာဂျောင်ကုမျက်နှာအားတမေ့တမောငေးကြည့်လာသည်။ဟယ်လင်မျက်ဝန်းနက်တွေကအချစ်ဆိုတဲ့အလင်းတန်းငယ်လေးကိုတော့ဂျောင်ကုမမြင်ချင်ယောင်ဆောင်မိတုန်းပင်။

"ပြောစရာရှိလို့  ဒီအထိခေါ်လာတာမဟုတ်ဘူးလား..
အခုကြတော့လည်းမင်းဘာမှမပြောချင်တော့ဘူး
လား.."

နာကျင်စွာပြုံးလိုက်မိတဲ့ဟယ်လင်ရယ်။သူပြောချင်
တာပေါ့။သူ့အချစ်ကိုဖွင့်ပြောလိုက်လျှင်လည်းဂျောင်ကု
စိတ်ဆိုးသွားမှာကြောက်သည်။ထိုကြောက်စိတ်ထက်
ဘယ်သူမှမသိဘဲတစ်အုံနွေးနွေးခံစားနေရသောသူ့တစ်
ဖက်သတ်ဝေဒ နာကိုပိုသာ၍ကြောက်သည်။ထို့ကြောင့်သာအားတင်းရင်းစိတ်ကိုအနည်းငယ်ပြင်ဆင်လိုက်သည်။

"ငါ..ငါမင်းကိုသဘောကျတယ်..ဂျောင်ကု...ဒီအတိုင်း
သူငယ်ချင်းလိုမဟုတ်ဘဲ...ချစ်သူရည်စားအနေနဲ့..."

ဟယ်လင်ဝန်ခံခြင်းအပေါ်ဂျောင်ကုမှာတုန်လူပ်ခြင်းမပြ။
သူ့ကအေးဆေးငြိမ်သက်စွာပင်ဟယ်လင်ပြောသမျှနား
ထောင်ပေးသည်။သူကိုယ်တိုင်ကလည်းအရင်တုန်းက
ဟယ်လင်ကြောင့််ခံစားချက်အနည်းငယ်ရှိဖူးခဲ့သည်။ငယ်
စဥ်ကတည်းကအရွယ်ရောက်သည်အထိဟယ်လင်ဆိုတဲ့
Omega လေးပေါ်သူလိုလိုချင်ချင်ကာကွယ်စောင့်ရှောက်
ပေးခဲ့ဖူးသည်။ဒီအတိုင်းကူညီစောင့်ရှောက်မူ့မျိုးဆိုပေမဲ့ဒါတွေကဟယ်လင်ရောသူ့အတွက်ပါစိတ်ခံစားချက်တစ်မျိုးတစ်ဖုံပြောင်းသွားစေသည်။သူသာအစ
ကတည်းကဟယ်လင်ကို သဘောကျစွဲလမ်းခဲ့ရင်ဖွင့်
ပြောတာကြာရောပေါ့။ဂျောင်ကုသက်ပြင်းသာအခါခါ
ချမိသည်။

"ငါမင်းကိုသူငယ်ချင်းထက်မပိုဘူးဟယ်လင်...ငါမင်းကို
မချစ်နိုင်ဘူး..."

ဟယ်လင်မှာဒီစကားကိုကြိုတင်ခန့်မှန်းပြီးသားပင်။
ကြိုတင်ပြင်ဆင်ထားခဲ့ပေမဲ့တစ်ကယ်တမ်းလက်တွေ့
ကြုံရတဲအခါဘယ်လိုမှရပ်တည်မရတော့။သူကပြို
ပြိုလဲလဲပင်ဂျောင်ကုရင်ခွင်ထဲခေါင်းအပ်ကာငိုမိတော့
သည်။

His Omega(Complete)Where stories live. Discover now