Part...19

7.5K 1K 95
                                    

ဂျောင်ကုမှာအဲ့လိုပယောဂကြီးနဲ့လိမ်ဖယ်လိမ်ဖယ်နေရင်းတစ်လတာကုန်ဆုံးခဲ့ရသည်။အရင်ကသန်မာကြံခိုင်
သော Alpha မှာအခုဆို ချိနဲ့နဲ့သာကျန်လုလု။ဂျောင်ကု၏ခန္ဓာကိုယ်မှာအချိန်ပြည့်နာကျင်နေရပြီးခေါင်းသည်လည်းတစ်အားထိုးကိုက်သည်မို့အိပ်ယာထဲတွင်သာလှဲနေရတော့သည်အထိ။ထယ်ယောင်းမှာလည်းဂျောင်ကုဘေးနားကမခွာ။သူကသူ့Alpha ဘေးနားမှာအချိန်ပြည့်စောင့်ရှောက်ပေးခဲ့သည်။စိတ်ပင်ပန်းကိုယ်ပင်ပန်းမူ့
ဒဏ်ကြောင်ထယ်ယောင်းကိုယ်အလေးချိန်မှာအနည်း
ငယ်ကျဆင်းသွားပြီးမျက်နှာလေးမှာလည်းအနည်းငယ်
ချောင်သွားရသည်။အခုလည်းမနက်မိုးလင်းသည်
နှင့်ဂျောင်ကုကိုယ်လက်သန့်စင်ဆေးကြောရန်ရေနွေးနဲ့ရေအေးကိုစတူရောစပ်ပြီးဇလားလေးထဲထည့်ကာ
အိပ်ခန်းဆောင်ထဲသို့ပြန်ဝင်လာခဲ့သည်။
ဂျောင်ကုကတော့ကုတင်ပေါ်တစ်ဖက်စောင်းကာအိပ်နေတုန်းပင်။ထယ်ယောင်းမှာကုတင်ပေါ်တင်ပလွှဲဝင်ထိုင်ရင်းဂျောင်ကု၏လက်ချောင်းကလေးတွေကိုယူကာရေစိုအဝတ်နဲ့သန့်စင်စေလိုက်သည်။ထို့နောက်လည်ပင်း၊ကိုယ်ပေါ်ကအကျီကြယ်သီးတွေအားချွတ်ကာရင်ဘတ်နေရာအနှံရေစိုအဝတ်နဲ့ခပ်ဖွဖွသုတ်ပေးလိုက်သည်။စိုစိုစိစိအထိအတွေ့ကြောင့်ဂျောင်ကုမှာနိုးလာရပြီးထယ်ယောင်းအားမျက်ရည်ဝိုင်းသောမျက်ဝန်းတွေနဲ့သာကြည့်နေမိသည်။ဂျောင်ကုလိုသန်မာတဲ့ Alpha တစ်ယောက်ကကိုယ့်ချစ်သူMate ရှေ့လူမမာကြီးအတိုင်းအားနည်းပျော့
ညံစွာကုတင်ပေါ်တုံးလုံးလှဲနေရသည်။တစ်ခြား Alpha
တွေလိုကိုယ့် Mate ကိုကာကွယ်မစောင့်ရှောက်နိုင်တဲ့
အပြင်ထယ်ယောင်းစောင့်ရှောက်ဖေးမမူ့ကိုပါခံယူနေရ
သည်ကိုတွေးမိသောအခါအားငယ်မူ့မှာအလုံးအရင်း
ဝင်ရောက်လာပြီးမျက်ရည်စက်တို့သည်မျက်ဝန်းထက်မှာယိုစိမ့်ကျလာတော့သည်။

"ဂျွန်...အချစ်..ဘာဖြစ်လို့လဲ...ဘယ်နားနာနေသေးလဲ..
အခုချက်ချင်းသမားတော်ခေါ်ခိုင်းလိုက်မယ်..."

ထယ်ယောင်းပြာပြာသလဲလဲပြေးထကာဆရာဝန်ပင့်
မည်ပြုသော်လည်းဂျောင်ကုကထယ်ယောင်းလက်တွေ
ကိုလှမ်းဆွဲထားသည်။

"ကိုယ်ခန္ဓာကိုယ်ကမနာပါဘူး.."

ဂျောင်ကုစကားကြောင်ထယ်ယောင်းမှာကုတင်ပေါ်ပြန်ထိုင်လိုက်သည်။ဒါဆို သူ့ချစ်သူကဘာလို့ငိုတာလဲ။
ထယ်ယောင်းအတွေးပင်မဆုံးလိုက်ဂျောင်ကုသည်အိပ်
ယာထက်ကနေကုန်းထသည်မို့ထယ်ယောင်းတွဲကူထ
စေကာခေါင်းအုံးတစ်လုံးကိုနံရံထက်မှီစေပြီးဂျောင်ကု
အားထိုင်ခိုင်းလိုက်သည်။

His Omega(Complete)Where stories live. Discover now