Part..3

13K 1.7K 89
                                    

ဂျောင်ကုမနေ့ညကတစ်ညလုံးအိပ်မပျော်ခဲ့။ဟိုအတွေး
ဒီအတွေးများဖြင့်တစ်ညလုံးအိပ်ယာပေါ်တွင်ယောင့်ယက်ခတ်နေသည်။သူ့ Wolf ကအချိန်တိုတိုအတွင်းထယ်ယောင်းကိုသဘောကျကာလက်ခံနေပေမဲ့ သူနဲ့ထယ်ယောင်းကြားကဆက်ဆံရေးကအချိန်တစ်ခုကြာအောင်ကဂျိုးကဂျောင်အနေအထားတစ်ခုနှင့်ရှိနေဦးမည်ဖြစ်သည်။နောက်ပြီး...ထယ်ယောင်း...ထယ်ယောင်းကရုပ်ကလေးအရမ်းလှတာကိုလက်ခံနိုင်ပေမဲ့စိတ်နေသဘောထားအကျင့်စရိုက်ကိုမူသူ့ဘာမှဂဂဏ ဏ မသိသေး။ဒါကြောင့်သူ့ရဲ့Mate အဖြစ်ချက်ချင်းလက်ခံရန်မလွယ်။ည ဦးယံ​မှ မှေးကနဲအိပ်ပျော်သွားတဲ့ဂျောင်ကုရယ်။သူနိုးလာတော့မနက်မိုးစင်စင်လင်းနေပြီဖြစ်ပြီဖြစ်သည်။အိပ်ယာထရေမိုးချိုးသန့်ရှင်းရေးလုပ်ပြီးသည်နှင့်ဖခမည်းတော်မင်းကြီးအားနူတ်ခွန်းဆက်ရန်ထွက်လာခဲ့သည်။အရင်တုန်းကဂျောင်ကုတစ်ယောက်ဆိုပေမဲ့ဒီနေ့ကြင်ယာတော်ဆိုတဲ့အမူ့ကိစ္စကြီးကတွဲလျှက်ပါ
လာသည်။သူတစ်ယောက်တည်းခမည်းတော်နဲ့မယ်တော်
ကိုနူတ်ဆက်ရန်မသင့်တော်သည်မို့...ထယ်ယောင်း
ကိုပါဝင်ခေါ်ရတော့သည်။ကင်မ်ထယ်ယောင်းအခန်း
ရှေ့တွင်ဘုရင့်တော်ဝင်တပ်မဟာကအဆင့်တစ်အဆင့်
ရှိတဲ့ ရဲမက်နှစ်ယောက်ကစောင့်ကျပ်လျှက်ရှိသည်။
ထိုရဲမက်နှစ်ယောက်လုံးက Beta တွေပင်ဖြစ်သောကြောင့်ထယ်ယောင်းအတွက်လုံးဝအန္တရာယ်မရှိနိုင်။သို့သော်
ဂျောင်ကုအခန်းထဲပင်မဝင်ရသေး။စိတ်မကြည်နိုင်စရာ
အကြောင်းအရာတစ်ခုကမြင်ကွင်းထဲပေါ်လာသည်။

အခန်းတံခါးက အထဲက ဂျက်ကိုသေချာကျအောင်
ပိတ်မထား။Omega တစ်ယောက်ကအဲ့လောက်နမော်
နမဲ့နိုင်တာမကောင်းဘူးမလား။မတော်လို့...သူမဟုတ်
တဲ့ Alpha တစ်ယောက် က ကျူးကျော်ဝင်ရောက်
ခဲ့လျှင်...

ဂျောင်ကုထိုအတွေးကိုဆက်မတွေးရဲတော့။ထယ်ယောင်းလို Pure blood Omega ကို ဘယ် Alpha မဆိုတက်မ
က်သည်။မိမိကိုယ်ပိုင်လေးအဖြစ်အပိုင်သိမ်းဖို့တွန့်ဆုတ်
နေမည်မဟုတ်ပါ။ဂျောင်ကု၏အနက်ရောင်မျက်ခုံးတန်း
တို့သည်တွန့်ချိုးသွားရပြီးထယ်ယောင်းအားဆူရန်အခန်း
ထဲကိုခြေလှမ်းကျယ်ကြီးတွေနဲ့ဝင်ရောက်လာခဲ့သည်။
သို့သော်...ဂျောင်ကုမောင်းတင်ထားသမျှအားလုံးအချဥ်းနှီးပင်။
အခန်းဆောင်အတွင်း Omega ၏ ကိုယ်မှထွက်သော
လာဗင်ဒါရနံလေးသည်ခပ်သင်းသင်းမွှေးကာရူရိူက်မိသူ
အဖို့အေးမြလန်းဍဆန်းစေသည်။ဂျောင်ကု..Omega
အများစုရဲ့ရနံကိုရဖူးသော်လည်းထယ်ယောင်းဆီက
ရတဲ့လာဗင်ဒါရနံလိုမျိုးစိတ်ကိုသက်တောင့်သက်သာ
မဖြစ်စေနိုင်။ခုနတုန်းကာထယ်ယောင်းအားဆူပူကြိမ်း
မောင်းမည့်ဒေါသ သည်လည်းကျက်ပျောက်ငှက်ပျောက်
ပင်။ထိုလာဗင်ဒါရနံလေးကဂျောင်ကုအတွက်အေးချမ်း
စေရာစိတ်ငြိမ်ဆေးလေးလို။ကုတင်ပေါ်မှာတော့ထိုသင်း
ရနံလေး၏ပိုင်ရှင် Omega လေးမှာ​လဲလျှောင်းကာ
အိပ်စက်နေသည်။ကုတင်ကျယ်ကြီးတွင်ပုဇွန်လုံးလေး
လိုကွေးကွေးလေးအိပ်နေပုံကချစ်ဖို့ကောင်းလှပြီး
​ခြေထောက်တစ်ဖက်လက်တစ်ဖက်က ဖက်ခေါင်းအုံးလေးအားအသေအကြေ ခွထားသည်။မနေ့တုန်းကညိူး
နွမ်းနေသောမျက်နှာလေးမှာလည်းအိပ်စက်ထားသော
အရှိန်ကြောင့်ပါးလေးတွေလည်းမို့တက်နေပြန်သေးသည်။

His Omega(Complete)Where stories live. Discover now