Part..22

8.8K 1.1K 61
                                    

မယ်တော်ကြီးကင်မ်ဆူရီမှာနန်းတော်သို့ပြန်ရာလမ်း
တစ်လျှောက်မိူင်တွေငေးမောစွာပါလာခဲသည်။ရထား
လုံးလေးကနန်းတော်သို့အလာနဲ့မတူခရီးအပြင်းနှင်ခဲ့
သောကြောင့်တစ်ရက်အကြာမှာပင်နန်း​တော်သို့
ပြန်ရောက်လာခဲ့သည်။ဘုရင်ကြီးမှာသူ့ မိဖုရားကြီးပြန်အလာကိုစီးကြိုလျှက်ရှိပြီးအရင်ကနဲ့မတူမျက်စိပျက်မျက်နှာပျက်ပြန်လာသောမိဖုရားခေါင်ကြီးအတွက်စိတ်ပူရသေးသည်။ကင်မ်ထယ်ယောင်းကမူနန်းတော်ပြန်ရောက်သည်နှင့်တင်းထားသောစိတ်ကိုဒုံးဒုံးပစ်ချလိုက်သည်။ထို့နောက်အရှင်နှစ်ပါးအားခွင့်တောင်းကာဂျောင်ကုရှိရာအိပ်ခန်းဆောင်သို့သာပြေးတက်လာခဲ့သည်။ထယ်ယောင်းကျွန်းတံခါးကြီးကိုဖြည်းညှင်းစွာဖွင့်လိုက်သည်။ဂျောင်ကုမှာကုတင်ပေါ်အိပ်ပျော်လျှက်ရှိပြီးသူချန်ထားပေးခဲ့တဲ့Pheromones အနံတွေသင်းနေတဲ့အညိုရောင်အကျီလေးအားဖက်ကာအိပ်ပျော်နေသည်မို့ထယ်ယောင်းမှာရေးရေးလေးပြုံးလိုက်မိသည်။ထို့နောက်ကုတင်ပေါ်တင်ပလွှဲထိုင်ရင်းသူ့ Alpha၏နဖူးလေးအားမြတ်နိုးမူ့အတိဖြင့်နမ်းရူံ့လိုက်သည်။ထယ်ယောင်းနမ်းလိုက်သည်နှင့်ဂျောင်ကု၏မျက်ဝန်းတွေမှာအလိုလိုပွင့်လာကာထယ်ယောင်းအားပြူးကြည့်လာသည်။ထယ်ယောင်းမှာအယောင်ယောင်အမှားမှားဖြင့်
ဂျောင်ကု၏မဖြီးမသင်ရသေးသောခပ်ပွပွဆံပင်တွေအားလက်ထိုးထည့်ကာဆော့မိလိုက်သေး။

"နိုးသွားတာလား...ဒီလောက်ဖွဖွလေးနမ်းတာကိုး..."

ဂျောင်ကုမှာထယ်ယောင်းစကားကြောင့်ဖျော့တော့စွာ
ပြုံးလိုက်မိပြီးလှဲနေရာမှ ထ ထိုင်ကာထယ်ယောင်းကိုယ်
လုံးလေးအားမြုပ်နေအောင်ဖက်ထားလိုက်သည်။လွမ်း
နေတာဒီအထိအတွေ့၊ဒီအနံအသက်လေးကို။ထယ်ယောင်းဆိုတဲ့ Omega လေးအပေါ်ဂျောက်ကုဘယ်လောက်တောင်ရူးသွပ်လည်းဆိုတာမိမိကိုယ်တိုင်
အသိဆုံးပင်။

"အိပ်ချင်ယောင်ဆောင်နေတာ၊ယောင်းက..ဆိုးလိုက်တာ၊လိုက်သွားမဲ့အကြောင်းတစ်ခွန်းတစ်လေတောင်
မဟဘူး၊ဒီအတိုင်းကြီးထားသွားရတယ်လို့၊ကိုယ်ဘယ်
လောက်စိတ်ပူလဲသိလား၊မင်းတစ်ခုခုသာဖြစ်သွား
ရင်ကိုယ်ပဲရင်ကွဲရလိမ့်မယ်..."

His Omega(Complete)Where stories live. Discover now