Part..18

8.1K 998 46
                                    

မနက်မိုးလင်းဌက်ကလေးတွေရဲ့တီတီတာတာအသံတွေ
ကြောင့်ထယ်ယောင်းမှာနိုးလာခဲ့ရသည်။အခုရက်သတ္တ
ပတ်အတွင်း Heat ကြောင့် သူခန္ဓာကိုယ်မှာအတော့်ပင်
နွမ်းနယ်နေရသည်။မနေ့ညတုန်းကသူ့ Alpha ဂျောင်ကုနဲ့အကြိမ်ရေများစွာချစ်ကျွမ်းဝင်ခဲ့ပြီးပြီးပြည့်စုံသော
ထာဝရအမှတ်အသားတစ်ခုကိုရလိုက်သည့်အတွက်ဒီ
နေ့မနက်မိုးလင်းကတော့အခါတိုင်းနေတွေ့နဲ့အားသစ်
အင်သစ်တွေဖြင့်လန်းဆန်းနေသည်။ထယ်ယောင်းခန္ဓာ
ကိုယ်တစ်ခုလုံးဂျောင်ကု၏ Pheromones အနံတွေနဲ့သာမွှေးပျံနေသည်။ဂျောင်ကုက တစ်ကယ့်ကိုသူ့ခန္ဓာ
ကိုယ်ထက်ပြင်းစွာသော Pheromones အနံတွေချန်
ထားခဲ့တာပဲ။ထယ်ယောင်းကြည်နူးစွာပြုံးလိုက်မိပြီး
ဘေးနားကအိပ်ယာခင်းကိုစမ်းမိတော့ဂျောင်ကုကမရှိ။
ဒီအတိုင်းမနက်စောစောအပြင်ထွက်ကာလေကောင်း
လေသန့်ရူနေသည်ဟုထင်လိုက်မိသောကြောင့်ခပ်ပါး
ပါး ညဝတ်အကျီပေါ်တွင်နောက်ထပ်အဖြူရောင်အကျီ
ရှည်လေးကောက်ဝတ်ရင်းအပြင်သို့ထွက်လာခဲ့လိုက်သည်။မနက်ခင်းနေရောင်နုနုသည်မြက်ခင်းစိမ်းစိမ်း
ပေါ်တွင်တလဲ့လဲ့တောက်ပနေသည်။တိမ်ပြာပြာတွေ
ကောင်းကင်ထက်လွင့်မျောနေပြီးဆောင်းနံအနည်းငယ်
ရောထွေးနေသောကလေထုကထယ်ယောင်းစိတ်လေး
ကိုသာယာကောင်းမွန်စေသည်။သူက ရေကန်လမ်း
လေးအတိုင်းလျှောက်လာပြီးရေကန်စပ်ပတ်ဝန်းကျင်
တွင်ဂျောင်ကုအားမျက်စိတောက်လျှောက်ရှာမိသည်
မတွေ့။

"ဂျွန်..ဂျွန်...ဂျွန်...ဂျွန်...ဂျွန်ဂျောင်ကု..."

ထယ်ယောင်းအသံလေးသည်ကျယ်ပြန့်သောလေထု
ကြားစူးရှစွာထိုးဖောက်ဝင်သွားသည်။သူ့ရင်ထဲမှာတော့
အပူလိူင်းကြီးသာကြီးစိုးလာပြီးတောင်တောင်မြောက်
မြောက်ဂျွန်နာမည်ကိုတကြော်ကြော်အော်ကာပြေးရှာ
မိသည်။သူနဲဂျောင်ကု ရဲ့ bonding ကခိုင်မြဲသည်
မို့ဂျောင်ကုတစ်ခုခုဒုက္ခကြုံသည်နှင့်သူ့စိတ်ကအလိုလိုသိလာရသည်။ချက်ချင်းပင်ထယ်ယောင်းတစ်ယောက်သစ်ပင်နောက်ကွယ်ပြေးဝင်လိုက်ပြီးအဝတ်အစားအားလုံးကိုဆွဲချွတ်ပစ်လိုက်သည်။ထို့နောက်တစ်ချက်အော်ည ည်းလိုက်ပြီးသူ့ခန္ဓာကိုယ်ကအရိုးအဆစ်တွေအားချိုးချေကာ Wolf typeပုံစံပြောင်းလိုက်သည်။နှင်းပမာဖြူစွတ်နေသော Wolf၏ အပြာရောင်မျက်ဝန်းငယ်တို့သည့်မျက်ရည်တို့ဖြင့်ကြည့်လဲ့ကာတောက်ပနေပြီး အမြီးသည်မြေပြင်ပေါ်တဘုတ်ဘုတ်ရိုက်နေသည်။ထို့နောက်မိုးပေါ်ခေါင်းမော့ကာကျယ်လောင်စွာအော်လိုက်တော့သည်။ထိုအော်သံငယ်လေးသည်သူ့ Mate
Alpha ကြားစေဖို့ရည်ရည်ရွယ်ပြီးပူဆွေးသောက
နှင့်ကြေ ကွဲဝမ်းနည်းမူ့အပြည့်။သူကသူ့ခြေထောက်လေးကိုအားကုန်သုံးရင်းတောအုပ်လေးအတွင်းပတ်ပြေးကာသူချစ်သူကိုအသဲအသန်ရှာဖွေနေမိသည်။သို့သော်...မတွေ့သည်မို့ရေကန်စပ်သို့ပြန်ရောက်လာခဲ့သည်။ထိုစဥ်အခိုက်ရေကန်အလယ်မှာပေါလောပေါနေတဲ့အရာကြောင့်စူးစူးရှရှအော်ည ည်းလိုက်ပြီးရေကန်ထဲသို့ဒလကြမ်းပြေးဆင်းသွားတော့သည်။သူ၏ကိုယ်ပေါ်အဖြူရောင်အမွှေးအမျှင်တို့သည့်ရေစိုစွတ်သွားပြီး..မြုပ်ချည်ပေါ်ချည်ဖြစ်နေတဲ့သူ့ Alpha ရဲ့အကျီစကနေဆွဲကိုက်ကာ
ရေကန်စပ်အထိ ဆွဲချီခေါ်လာခဲ့သည်။ ဂျောင်ကုမှာ
ရေမွန်းကာမေ့မျောနေပြီးထယ်ယောင်း Wolf ၏ဆွဲချီ
ရာနောက်ကိုသာတရွတ်တိုက်ပါလာခဲ့တော့သည်။
အဖြူရောင် Wolf မှာ သူ့ချစ်သူ၏ခန္ဓာကိုယ်ကိုမြက်
ခင်းစိမ်းပေါ်ပစ်တင်လိုက်ပြီးသည်နှင့်တစ်ချက်ဆွဲဆွဲ
င င်င င်အော်လိုက်ပြီးအရိုးချိုးသံနဲ့အတူ လူအဖြစ်ပုံ
စံအသွင်ပြန်ပြောင်းယူလိုက်သည်။

His Omega(Complete)Where stories live. Discover now