Part..20

8.1K 1K 64
                                    

JEON Kingdom ၏ အေးစက်စက်ရာသီဥတုကြောင့်
နန်းတော်အပြင်ဘက်မှာနှင်းတွေကမိုးရွာသလိုတစ်ဖွဲဖွဲရယ်။JEON တိုင်းပြည်၏အုပ်ချုပ်သူဘုရင်မင်းမြတ်နှင့်
မယ်တော်ကြီးကင်မ်ဆူရီမှာတော့မအေးချမ်းနိုင်ရာ။

"ဒီ Voodoo အစီအရင်က လူသေအရိုး၊သချိုင်းမြေ၊
ဆံပင်၊ရွံစေး၊အဝတ်စတွေနဲ့ပတ်ပြီးလုပ်ထားတာ၊တစ်ချို့
ဆိုရင်မိန်းမတွေရဲ့ရာသီသွေးတောင်သုတ်ပြီးထည့်ထားကြတာ၊အခုအစီအရင်ကအဲ့လောက်အောက်တန်းမကျတာပဲကျေးဇူးတင်ရမယ်..."

AN(တစ်ကယ့်အစီအရင်မှာလည်းအဲ့ဒါတွေပါတယ်၊
Voodoo နှစ်မျိုးရှိပြီး Indian ဘက်ကအစီအရင်တွေက
ပိုကြောက်ဖို့ကောင်းတယ်)

လီဒုံမာန်သည်သံရှည်ဆွဲရင်းပြောလာသည်။ဒါ့ကြောင့်
သူ့အာရုံနဲ့မြင်ခဲ့တဲ့အိမ်ရှေ့စံအနာဂတ်ကြီးဟာလူသေ
နှင့်မခြားသူများကြိုးဆွဲရာကတဲ့အရုပ်လို၊ကြင်ယာတော်
ကင်မ်ရဲ့အနာဂတ်သေခြင်းကတော့...ရှင်းပါတယ်၊သူ့
Mate သေဆုံးမူ့အတွက်ရင်ကွဲနာကျပြီးကိုယ့်ကိုကိုယ်
အဆုံးစီရင်ခြင်းသာ။ကင်မ်ဆူရီမှာသက်ပြင်းချမိလိုက်သည်။ဘယ်လောက်ခက်ခဲတဲ့ပုစ္ဆာဖြစ်ဖြစ်အချိန်တန်
အဖြေထွက်လာမည်ကိုသူမယုံပြီးသား။

"ဒါနဲ့မောင်မင်း..အဲ့အစီအရင်ကို ဖျက်နိုင်လား..."

ဘုရင်ထံမှ အမိန့်တော်ရှိလာသည်မို့လီဒုံမာန်သည်ခေါင်း
ငုံရိုကျိုးစွာပင်

"အစီအရင်ကဖျက်လို့ရပါတယ်၊တရားခံကိုဖမ်းပြီး
အချုပ်ချအရုပ်ကိုဖျက်ဆီးပစ်ရုံဘဲ...ဒါပေမဲ့..."

လီဒုံမာန်စကားကြောင့်အနည်းငယ်စိတ်သက်သာရာ
ရသွားပေမဲ့နောက်ထပ်ဒါပေမဲ့ကဆက်လာသည်။

"ဒါပေမဲ့အရုပ်ကိုဖျက်ဆီးဖို့ကနည်းလမ်းနှစ်မျိုးပဲရှိတာ၊
တစ်မျိုးကရေထဲမျှောပစ်တာနောက်တစ်မျိုးကမီးရိူ့ဖျက်ဆီးပစ်တာ"

AN( အပြင်မှာလည်းအဲ့အစီအရင်ကိုအဲ့နှစ်မျိုးနဲ့ပဲဖျက်
လို့ရပါတယ်...)

ကင်မ်ဆူရီမှာခပ်ရေးရေးလေးပြုံးကာပင်

"အဲ့ဒါဆိုလည်းဟယ်လင့်ကိုဖမ်းပြီးသေဒဏ်ပေး၊
နောက်ပြီးအရုပ်ကိုဖျက်ဆီးပစ်ရုံပဲရှိတာပေါ့...."

His Omega(Complete)Where stories live. Discover now