Final

16.8K 1.1K 143
                                    

ထယ်ယောင်းမှာတစ်ဖြည်းဖြည်းမွေးဖွားဖို့အချိန်နီးကပ်
လာပြီဖြစ်သည်။သူ၏လုံးဝန်းသောဗိုက်ကလေးမှာလည်းမွေးဖွားကာနီးလေလေအောက်သို့ပိုကျလာပြီး
လမ်းလျှောက်ရသည်မှာလည်းမလွယ်ကူလှ။သူ့ဗိုက်ထဲ
က ကလေးငယ်တွေကတစ်စတစ်စပိုကြီးထွားလာကာ
အင်တိုက်အားတိုက်တွန်းကန်လာသောကြောင့်နေရထိုင်ရခက်ကာညဘက်တွေပင်အိပ်မပျော်တော့။ဂျောင်ကုကတော့သူ့ကိုအမြဲတမ်းစားဖို့သောက်ဖို့ကအစညောင်းညာကိုက်ခဲမူ့ကြောင့်ဆေးလူးသည်အထိလိုက်လံဂရုစိုက်ပေးသည်။ညနေခင်းတွေမှာဆိုလည်းထယ်ယောင်းနဲ့အတူပန်းခြံထဲဆင်းကာအတူတူလမ်းလျှောက်ဖို့အထိကူညီပေးသည်။ကိုယ်ဝန်ဆယ်လအတွင်းသို့ရောက်သောအခါထယ်ယောင်းမှာမီးဖွားသန့်စင်ရတော့သည်။
မိုးဦးအချိန်အခါတစ်ဖျောက်ဖျောက်ရွာနေတဲ့မိုးရေစက်
တွေကြောင့်သစ်ပင်ပေါင်းပင်ငယ်လေးတွေမှာပြန်ပြီးအညွန်အတက်အခက်အလက်တွေနဲ့ဝေဆာလာရသည်။ထယ်ယောင်းသည်လည်းသူ့ဗိုက်ထဲက ကလေးငယ်နှစ်​ယောက်ကိုလူလောကထဲသို့အန္တာရယ်ကင်းစွာခေါ်လာနိုင်ပြီဖြစ်သည်​။သမားတော်တွေတွက်ချက်ထားတဲ့အတိုင်းပင်...သားသားမီးမီးအမွှာပူးလေးမွေးလာသည်။သားလေးကအကြီးလေးဖြစ်ပြီးအငယ်လေးကတော့မိန်းကလေးပင်။ဒါကြောင့်မိန်းကလေးလိုချင်နေသောထယ်ယောင်း၏ဆန္ဒရော၊နန်းသွေးလျှာလိုချင်နေသော မယ်တော်ကင်မ်ဆူရီဆန္ဒရောတစ်ပြိုင်နက်တည်းပင်ပြည့်ဝခဲ့သည်။ကလေးနှစ်ယောက်ကိုမွေးဖွားပြီးတစ်လပြည့်တဲ့နေ့မှာပင်ဂျောင်ကုကဘုရင်ရာထူးကိုဆက်ခံခဲ့ပြီး Mate ဖြစ်တဲ့ထယ်ယောင်းကိုမိဖုရား အရာမြှောက်ကာနန်းသိမ်းပွဲကျင်းပခဲ့ပြီးကလေးနှစ်ယောက်အား..နာမည်ပေးကင်ပွန်းတပ်ခဲ့သည်။အကြီးသားယောကျာ်းလေးနာမည်ကဂျွန်ထယ်ဆု ဖြစ်ပြီးအငယ်မလေးနာမည်ကတော့ဂျွန်ထယ်ယွန်းဖြစ်သည်။ဂျောင်ကုနန်းတက်ပြီးသည်နှင့်ဖခမည်းတော်မင်းကြီးနဲ့မယ်တော်ကင်မ်ဆူရီမှာအနောက်ဘက်နွေရာသီစံအိမ်ကိုသာပြောင်းနေကြတော့သည်။ဒီနေရာဒီဒေသ ဒီနန်းတော်ကလက်ရှိဘုရင်အုပ်ချုပ်သူနဲ့သာသက်ဆိုင်သည်။နောက်ပြီးဂျောင်ကုက သူမိသားစုသူ့အိမ်ထောင်နဲ့သူဖြစ်ကာတိုင်းပြည်ကိုကောင်းမွန်စွာအုပ်ချုပ်နိုင်တဲ့အရွယ်တစ်ခုတောင်ရောက်နေပြီလေ။ဘာတွေတွေးပြီးစိတ်ပူအုံးပါလိမ့်။

You've reached the end of published parts.

⏰ Last updated: Apr 16, 2022 ⏰

Add this story to your Library to get notified about new parts!

His Omega(Complete)Where stories live. Discover now