Part..12

10.5K 1.2K 108
                                    

လေးရက်မြောက်သည့်နေတွင်ဂျောင်ကုသည်မျိုးနွယ်
စု ခေါင်းဆောင် Alpha ချွဲမင်ဟိုနှင့်ထယ်ယောင်းမိသား
စုဝင်တွေပါကိုခေါ်ကာနန်းတော်ဆီသို့ပြန်လာခဲ့သည်။အပြန်လမ်းတွင်လည်းဂျောင်ကုမှာထယ်ယောင်းကိုပို
လို့ပင်ဂရုစိုက်စောင့်ရှောက်လာခဲ့သည်။Omega တစ်ယောက်ကိုအမှတ်အသားပြုပြီးသည်နှင့်Omega
အားဆတ်ဆတ်အထိမခံနိုင်တော့။အမြဲတစေထို
Omega အပေါ်ခံစားချက်ရှိနေပြီးအချိန်ပြည့်ကာ
ကွယ်စောင့်ရှောက်ပေးချင်ကြသည်။ဂျောင်ကုမှာလည်း
ထိုနည်းတူပင်..သူက ထယ်ယောင်းအားမျက်စိအောက်
ကအပျောက်မခံချင်ပါ။အမြဲတမ်းလိုလိုသူ့အနားထားကာ..ကာကွယ်စောင့်ရှောက်ပေးချင်သည်။ပုလဲ လုံး
လေးလိုသေတ္တာထဲသော့ခတ်သိမ်ဆည်းထားသကဲ့သို့
ရထားလုံးလေးအတွင်အလှလေးအားသေချာတယုတယ
စောင့်ရှောက်ကာခေါ်လာခဲ့သည်။နန်းတော်ရောက်သည်
နှင့်မယ်တော်ကြီးမှာအသင့်စောင်ကြိုနှင့်ပြီးသားပင်။

ဂျောင်ကုမှာတစ်လမ်းလုံးခရီးပန်းလာသောအလှလေး
အားလက်ကနေတွဲခေါ်ကာခန်းမကြီးတစ်လျှောက်
ခေါ်လာခဲ့သည်။ထယ်ယောင်းမိဘနှစ်ယောက်လုံးမှာ
နန်းတော်ကြီးထဲအခုမှရောက်ဖူးသည်ဖြစ်လေရာအနည်း
ငယ်ထိတ်လန့်တုန်လူပ်နေဟန်။မယ်တော်ကင်မ်ဆူရီမှာ
ခန်းမကြီး၏ထိပ်တည်တည့်ခုံကြီးတွင်ဝင်ထိုင်လိုက်ပြီး
ဂျောင်ကုကလွဲကျန်တဲ့လူအားလုံးသည်ဒူးထောက်ရိုသေ
စွာခစားကြတော့သည်။

"အားလုံးထပါ.."

ချိုသာသောကင်မ်ဆူရီ၏စကားသံသည်ခန်းမကြီထက်
ဖုံးလွှမ်းသွားသည်။ကင်မ်ဆူရီသည်သူမသားဂျွန်ဂျောင်ကုအားတစ်လှည့်ထယ်ယောင်းအားတစ်လှည့်ကြည့်ကာနူးညံစွာပင်ပြုံးလိုက်သည်။

"လက်ထပ်ပွဲက.. ဒီတစ်ပတ်အတွင်းမှာပဲကျင်းပမှာပါ..
နောက်နေ့မှအေးအေးဆေးဆေးတိုင်ပင်လို့ရတယ်..
ဒီနေ့တော့အားလုံးပင်ပန်းလာပြီဆိုတော့..နားကြ
တော့..."

ကင်မ်ဆူရီစကားသံအဆုံးအားလုံးသည်ကျေးဇူးတင်
ကြောင်းပြောကာကိုယ့်နားနေဆောင်သိုအစေခံတွေ
အကူအညီနှင့်တက်လာခဲ့သည်။ထယ်ယောင်းလည်အရမ်းပင်ပန်းနေပြီဖြစ်ရာဂျောင်ကုကိုယ်တောင်မစော
င့်ဘဲသူ့အိပ်ခန်းထဲသို့ပြန်လာခဲ့လိုက်သည်။ခန်းမကြီး
ထဲမှာကင်မ်ဆူရီတို့သားအမိနှစ်ယောက်သာကျန်ခဲ့တော့
သည်။

His Omega(Complete)Where stories live. Discover now