Part..5

13K 1.5K 93
                                    

မနက်မိုးလင်းသည်နှင့်ဂျောင်ကုမှာသူ့ Omega ထယ်
ယောင်းဆီအပြေးလေးလှမ်းလာခဲ့သည်။ညတုန်းက
သူတစ်ညလုံးအိမ်ပျော်ခဲ့။မိုးလင်းတဲ့အချိန်ကိုစိတ်ရှည်
ရှည်သည်းခံစောင့်ခဲ့တာဒါသူ့အတွက်ပထမဆုံးပင်။သူ့
မစဥ်းစားမဆင်ခြင်ဘဲလုပ်လိုက်တဲ့လုပ်ရပ်တစ်ခုကြောင့်
ထယ်ယောင်းသူ့အပေါ်အထင်လွဲရုံတင်မကစိတ်ပါနာသွားလောက်သည်။ဂျောင်ကုသည်အရူးတစ်ယောက်
လိုပဲနန်းတော် ​လျှောက်လမ်းတွေကြားလှမ်းလျှောက်လာ
ခဲ့သည်။သူ့ပုံစံကအနည်းငယ်ယိုယွင်းပျက်စီးနေပြီး
စိတ်မရှည်တဲ့ပုံလည်းပေါက်သည်။သူ့ခြေလှမ်းတွေကငြ င်ငြင်သာသာမရှိအလောသုံးဆယ်နိုင်လှသည်။နောက်ဆုံးပျာယာခတ်တဲ့အမူအယာနဲ့ထယ်ယောင်းရဲ့အခန်းတံခါးကိုလှမ်းခေါက်လိုက်သည်။

"အရှင့်သား...ကြင်ယာတော်အခန်းထဲမှာမရှိပါဘူး..
မနက်မိုးလင်းတာနဲ့ပန်းခြံထဲဆင်းသွားတယ်..."

အစောင့်စစ်သားတစ်ယောက်ကဂျောင်ကုအားလျှောက်
တင်လာသည်။ဂျောင်ကုလည်းထိုစစ်သားလျှောက်တင်
ချက်အဆုံးထယ်ယောင်းရှိရာပန်းခြံဥယာဥ်လေးသို့လိုက်
လာခဲ့သည်။နန်းတော်ပန်းဥယာဥ်ကအကျယ်ကြီးရယ်။
ပန်းတွေကိုအမျိုးအစားလိုက်ခွဲကာစိုက်ပျိုးထားသည်။
ထိုပန်းရနံတွေနဲ့လေပြေထဲမှာရောနှောပါလာတဲ့လာဗင်ဒါ
ရနံလေး။ထိုရနံလေးကသင်းသင်းလေးမွှေးပြီးဂျောင်ကု
ကိုဆွဲဆောင်နိုင်တယ်။ထယ်ယောင်းကိုယ်ကထွက်လာတဲ့
ရနံသင်းသင်းလေးကိုဂျောင်ကုသိပ်သဘောကျတာပဲ။
နောက်ဆုံးဂျောင်ကုသည်လာဗင်ဒါရနံလေးကိုခြေရာ
ခံလိုက်ရင်းသူ့ Omega လေး ထယ်ယောင်းအားစံ
ပယ်ပန်းရုံဘေးနာတွင်ရှာဖွေတွေရှိခဲ့သည်။

အဖြူရောင်အကျီနဲ့လှပကျော့ရှင့်နေတဲ့ထယ်ယောင်းဟာ
စံပယ်ရုံကြီးနားငုတ်တုပ်ခြေဆင်းထိုင်ကာပန်းသီနေခြင်း
ပင်။လေပြေတွင်ခပ်သဲ့သဲ့မွှေးလာတဲ့ ပြင်းထန်တဲ့
Alpha pheromones ကြောင့်ထယ်ယောင်းသည်ခေါင်း
မော့ကြည့်လာသည်။Alpha ရဲ့ရနံမှာလီမွန်ရနံသင်းသင်း
လေးဖြစ်ပြီးမနက်ခင်းရဲ့နှင်းစက်တွေပမာသန့်ရှင်းလွန်း
လှသည်။ထိုအနံလေးကြောင့်ထယ်ယောင်းဘယ်ဘယ်ညာညာလိုက်ရှာကြည့်သောအခါသူ့ကိုပြုံး၍စိုက်
ကြည့်နေသော Crown Prince ဂျွန်ဂျောင်ကု၏မျက်
ဝန်းတွေနဲ့သာဆုံတော့သည်။အရင်တုန်းကဆိုထယ်
ယောင်းမှာဂျောင်ကုကိုမြင်လျှင်ချစ်စိတ်ကြောင့်မျက်
ဝန်းပြာကြီးတွေအရောင်လဲ့ကာမရဲတရဲပုံစံလေးဖြင့်
ငေးကြည့်နေမှာဖြစ်သော်လည်းအခုထယ်ယောင်းကမူ
ဂျောင်ကုကို ဒေါသမပြေတဲ့မျက်ဝန်းတွေနဲ့သာစူးစူး
ရဲရဲ ကြည့်သည်။

His Omega(Complete)Where stories live. Discover now