Part..11

11.3K 1.3K 32
                                    

Pack မှာနှစ်ရက်သာနားပြီး နန်းတော်ပြန်ဖို့တွေးထား
တဲ့ဂျောင်ကုမှာမထင်မှတ်တဲ့ကိစ္စတွေကြောင့်သုံးလေး
ရက်ဆက်နေရတော့သည်။ထယ်ယောင်းမှာထိုနေ့ကိ
စ္စဖြစ်ပြီးသည်နောက်ဖျားတော့သည်။ခရီးပန်းတာရော
စိတ်ပင်ပန်းမူ့ဒဏ်တွေပါစုပေါင်းလိုက်သောအခါနဂို
တည်းကအားနည်းတဲ့ထယ်ယောင်းမှာနေမကောင်းဖြစ်
သွားသည်မှာမဆန်း။သို့သော်..ဂျောင်ကုကဒါတွေကိုကြိုထည့်
တွက်ခဲ့ပြီးသား။Omega အများစုကခရီးပန်းမူ့ဒဏ်ကို
မခံနိုင်ကြ။ဒါကြောင့်ဒီခရီးကိုစထွက်ဖို့ပြင်ဆင်ကတည်း
ကဂျောင်ကုအဖျားပျောက်ဆေးအကိုက်အခဲပျောက်ဆေးကဲ့သို့သောဆေးဝါးတွေကိုထည့်လာခဲ့သည်။အခု
ထယ်ယောင်းနေမကောင်းဖြစ်သောအခါထိုဆေး
တွေကအကျုံးဝင်လာတော့သည်။ဂျောင်ကု ကိုယ်တိုင်ထယ်
ယောင်းဘေးနားအချိန်ပြည့်ပြုစုကာဆေးချော့တိုက်ရ
သည်။နောက်ပြီး..ထယ်ယောင်းအအေးပတ်သွားသည်ကလည်းသူ့ပယောဂလည်းမကင်းဘူးမလား။ဒါကြောင့်
အစအဆုံး..ဆေးတိုက်ရေခပ်သည်ကအစသူပင်ဒိုင်ခံ
ပြုစုပေးနေရတော့သည်။ထယ်ယောင်းကလည်းကျန်တဲ့အချိန်ဆိုလိမ္မာသလောက်နေမကောင်းတဲ့အချိန်ဆိုတော်တော်
ရစ်သည်။သူမှသူဖြစ်ကာဂျောင်ကုမျက်စိအောက်ကပျောက်သည်နှင့်အော်ခေါ်တော့သည်။ဆေးလည်းလုံး
ဝမသောက်ချင်၊ဆေးတစ်ခါတိုက်ခါနီးဂျောင်ကုမှာ
ချော့တစ်ခါခြောက်တစ်လှည့်နဲ့အာဏာပါဝါစုံထုတ်သုံးရ
တော့သည်။အနွေးထည်လည်းမဝတ်ချင်၊စောင်ခြုံပေး
ရင်လည်းကန်ပစ်လုပ်တတ်သောကလေးဆိုးလေးပင်။
အဖျားငွေ့ငွေ့လေးသာရှိ၍အခုနေပြန်ကောင်းလာပြီလို့
တော်သေးသည်ဟုပြောရမည်။သို့ပေသည့်တိုင်ထယ်
ယောင်းကိုဂျောင်ကုအပြင်ထွက်ခွင့်မပေးသေးပေ။ပိန်
ပါးပါးခန္ဓာကိုယ်လေးကိုအားရှိအောင်အစားတွေအများ
ကြီးကျွေးရဦးမည်မလား။ထယ်ယောင်းအာဟာရပြည့်
အောင်တောဆိတ်တစ်ကောင်အားဈေးကြီးကြီးပေးကာ
မုဆိုးတစ်ယောက်ဆီမှဝယ်ယူခဲ့သည်။ပြီးနောက်ထိုတော
ဆိတ်အားဂျင်းဆင်းဖြင်ပေါင်းပြီးပြုတ်စေသည်။

မျိုးနွယ်စုခေါင်းဆောင် Alpha ပိုင်တဲအိမ်လေးဘေးနား
တွင်အဖီထိုးပြီး Pack က မိန်းကလေးအများစုမှာဟင်း
ချက်ပြုတ်နေကြသည်။ Crown Prince သူတို့ Pack
မှာရှိနေတဲ့တစ်လျှောက်သူတို့ကလည်းဧည့်ဝတ်ကျေပွန်
ရမည်ဖြစ်သည်။ဒါကြောင့်အကျွေးအမွေးဧည့်ခံပွဲ ကြီး
မှာနေ့တိုင်းမပြတ်စည်ကားကာပျော်စရာပင်ကောင်းနေ
တော့သည်။ထမင်းဟင်းချက်ပြုတ်ရတဲ့မိန်းကလေးအ
မ်ားစုမွာOmega နဲ့ Beta တွေသာဖြစ်ပြီးဒီနေ့သူတို့
ဟင်းချက်ဖို့တောဆိတ်သားဟင်းတစ်ခွက်တိုးလာသည်။
တောဆိဆ်ကရှားပါသည့်အတွက်ဈေးကြီးသည်အသား
တစ်မျိုးဖြစ်ပြီးထိုအသားကိုဂျင်းဆင်းနှင့်အကျအန
ပေါင်းသည်။ထိုကဲ့သို့ဟင်းလျှာမျိုးမှာနေမကောင်းတဲ့လူ
တွေအတွက်ဓာတ်ဆာမို့ဘယ်သူ့ဖို့လဲဆိုတာမေးစရာပင်မလို။သေချာပေါက်ကင်မ်ထယ်ယောင်းလေးအတွက်ပေါ့။
ဟိုတုန်းက Pack က Omega အများစုမှာချောမောခန့်
ညားသောမျိုးနွယ်စုခေါင်းဆောင်ချွဲမင်ဟိုနှင့်ချစ်ကြိုက်
ခဲ့သောဟေဆောင်းအားအားကျခဲ့သော်လည်းအခုတော့
မောင်ဖြစ်သူထယ်ယောင်းကိုသာပိုအားကျရတော့သည်။
Crown Prince မွာအစစအရာရာအလိုလိုက္ကာဖူးဖူး
မူတ္ထားတာမ်ား...မင်းသမီးလေးကျလို့။

His Omega(Complete)Unde poveștirile trăiesc. Descoperă acum