Part..4

12.8K 1.6K 144
                                    

နောက်နေ့ညနေမှာပဲ JEON Kingdom ၏နန်းတော်ကြီး
ထဲတွင်ကြီးကျယ်ခမ်းနားသောညစာစားပွဲ ကြီးကိုကျင်း
ပတော့သည်။ဘုရင်နှင့်မိဖုရားခေါင်ကြီးမှာသူတို့သား
အတွက်အလွန့်ကိုကြည်နူးနေရသည်။ Pure blood
Omega က ဘယ်လောက်ရှားပါးကာတန်ဖိုးကြီးလိုက်သ
လဲ။ဒီလိုတန်ဖိုးကြီးမားသောအရာလေးကို သားဖြစ်သူ
လက်ထဲကိုဆောင်ကျဥ်းပေးနိုင်လို့လဲဝမ်းသာပီတိဖြစ်ရ
ပြန်သည်။ထယ်ယောင်းသည်အဝါနုရောင်အကျီလေးကို
သာဝတ်ဆင်ထားပြီးခန္ဓာကိုယ်နဲ့ကွက်တိကျကာလှပ
ပြေပြစ်သောကောက်ကြောင်းလှလှလေးကိုဖော်ပြထား
သည်။ရွှေဝါရောင်ဆံနွယ်တွေထက်စိန်နဲ့တန်ဆာဆင်
ထားသော သရဖူသေးသေးလေးတစ်ခုကိုဝတ်ဆင်ထား
ပြီးမင်းသာလေးသဖွယ်သူ၏တောက်ပမူ့မှာပတ်ဝန်းကျင်
တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။  Crown Prince
ဂျွန်ဂျောင်ကုမှာလည်းအဖြူရောင်ရွှေကြယ်သီးတပ်ဝတ်စုံကိုဝတ်ဆင်ထားပြီးတော်ဝင်မင်းမျိုးမင်းနွယ်၏
ကြီးကျယ်ခမ်းနားမူ့ကိုဖော်ပြရန်ရွေရောင်ပိတ်စအား
စလွယ်သိုင်းကာဝတ်ဆင်ထားသည်။

"အဆင်ပြေလား...စိတ်လူပ်ရှားနေတုန်းလား..."

ဂျောင်ကုသည့် သူ့ဘေးနားကထယ်ယောင်းအားကြည့်ကာဂရုတစ်စိုက်စကားဆိုလိုက်သည်။စိတ်လူပ်ရှားမူ့
ကြောင့်ထယ်​ယောင်း၏ကိုယ်မှာချွေးစေးလေးတွေထွက်
ကာလာဗင်ဒါရနံသင်းသင်းလေးထွက်နေသည်။သူကရွာငယ်ဇနပုဒ်မှာကြီးပျင်းလာသူမို့ဒီလောက်ခမ်းနားတဲ့ညစာစားပွဲကိုမြင်လိုက်ရသောအခါကိုယ့်မျက်စိကိုယ်ပင်မယုံ
နိုင်တော့။နောက်ပြီးဒီနေရာကြီးဒီနန်းတော်ကြီးကလည်း
လည်းသူနဲ့မထိုက်တန်သလိုခံစားရသည်။နောက်ပြီး
ဒီအဖြစ်အပျက်တွေကနေ့ချင်းညချင်းသူ့ဘဝထဲဝင်
ရောက်လာကာအိမ်မက်ဆန်လွန်းပြန်သည်။

"ဘာမှမဖြစ်ဘူး...ဒီအတိုင်းလေး..ကိုယ့်လက်ကို
ဆွဲ ပြီးလိုက်ခဲ့..."

ဂျောင်ကု..သူ့ဘေးနာက Omegaလေး၏စိတ်လူပ်ရှား
တဲ့ပုံရိပ်လေးကြောင့်အကဲပိုကာအသံတိုးတိုးလေးဖြင့်
နှစ်သိမ့်ပေးလိုက်သည်။ထယ်ယောင်းကတော့ဂျောင်
ကု၏မျက်ဝန်းညိုတွေကိုတမေ့တမောကြီးငေးကြည့်
နေလိုက်သည်။ ထယ်ယောင်းရန်ခုန်သံတွေကအချိုးမပြေတဲ့အပြင်စိတ်တစ်ခုလုံးကဗလာဟင်းလင်း။သူမြင်နေရတဲ့Crown Pricne Alpha ကချောမောခံညားပြီး
အထက်စီးဆန်ကာအကောင်းဆုံးတွေသာရွေးချယ်အမဲလိုက်တတ်တဲ့Alpha မျိုး။သူက လည်းထို Alpha ၏အကောင်းဆုံးဆိုတဲ့အရာတွေထဲကပိုင်ဆိုင်မူ့တစ်ခုသာသာ။ဂျောင်ကုမှာတော့သူ့ကိုဘာမှပြန်မပြောဘဲမျက်ဝန်ပြာကြီးတွေနဲ့ငေးကာမအူမလည်လုပ်နေသော Omega လေးကြောင့်အူယားလာတော့သည်။

His Omega(Complete)Where stories live. Discover now