4

3.4K 232 3
                                    

Unicode

Chapter-4 ဆရာမလို့ မခေါ်ချင်ဘူး

"အဆင်ပြေတယ်ဆို ကျွန်တော့်အကျီဆွဲထားတာကိုလွှတ်ပေးလို့ရမလား? ‌?"

မေဇွန်ကိုယ့်လက်ကိုပြန်ကြည့်မိတော့ ထိုကောင်မလေးရဲ့အကျီကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလေတယ်။

"အာ ဆောတီး "

လက်တွေကိုလွှတ်လိုက်ပြီးလူချင်းပြန်ခွာကြပေမယ့်
မေဇွန်တစ်ယောက်ရင်ခုန်တာနေတာက မရပ်သေး

"ခုန ကျွန်တော်လုပ်လိုက်တဲ့အပြုအမူအတွက်စိတ်အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်"

"အာ ရပါတယ် တမင် လုပ်တာမှမဟုတ်တာ"

"နောက်ဆို သတိထားပါ"

"ဟုတ်"

အသက်ငယ်ပုံရပေမယ့် ထိုကောင်မလေးရဲ့အသံဟာ
ပြတ်သားပြီး အမိန့်ပေးနိုင်တဲ့အသံဖြစ်တဲ့အတွက်
ကိုယ်တိုင်တောင်သတိမထားမိခင် အလိုလိုနာခံမိတယ်

"ဒါဆိုကျွန်တော့်ကိုခွင့်ပြုပါအုံး နောက်မှတွေ့မယ်"

"‌ဟုတ် အယ် နောက်မှ??? "

မေဇွန်တစ်ယောက်‌ကြောင်အစွာဖြင့်ထို‌ကောင်မလေး
ရဲ့ကျောပြင်ကိုသာငေးကြည့်နေမိတယ်

♪♪♪♪

မိုးသခင်တစ်ယောက် ကွန်ပျူတာရှေ့သင်တန်းတတ်ရန်ထိုင်လိုက်တယ်

Chinese Wingsဆိုတဲ့ဘာသာစကားသင်တန်းကို
တတ်ရန်ဝါသနာမပါပေမယ့်
စိတ်၀င်စားစရာ အရာလေးရှိနေတာမို့ လာရောက်တတ်မိတယ်

ပထမရက်မို့ face to faceဖွင့်ပြရတယ်
meetingထဲရောက်ရောက်ချင်း ရင်းနှီးနေတဲ့မျက်နှာလေးကိုမြင်လိုက်တယ်

ထိုတစ်ဖက်လူမှာလည်း အံ့ဩစွာမိုးသခင်ကိုကြည့်လာတယ်

"ဟယ် ရေခဲမလေး အယ် ဟုတ်ပါဘူး
ကားပါကင်က ကောင်မလေး"

"‌အင်း ရေခဲမလေးလား ? ကျွန်တော်က?"

Meetingထဲမှာမိုးသခင်နဲ့ မေဇွန်နှစ်ယောက်တည်းရှိသေးတယ်

"အာ ဟီး အဲ့တာကနာမည်မသိလို့ ပြီးတော့ အသံက
အေး‌စက်စက်ကြီးမို့ အဲ့တာ ဟိုဟို အဲ့လိုခေါ်တာစိတ်မဆိုးဘူးမဟုတ်လား"

Founded[Complete]✓Where stories live. Discover now