27

2.6K 179 9
                                    

Unicode
Chapter-27 ဘယ်သူလဲ?

အဖြူရောင်ခန်းဆီး အဖြူရောင်မျက်နှာကျက်ဟာ
မိုးသခင်မျက်လုံးဖွင့်လိုက်တာနဲ့ဆီးကြိုနေတယ်

ပြီးတော့ပိုးသတ်ဆေးအနံ့‌

မိုးသခင်ခေါင်းမှဆိုးရွားစွာကိုက်ခဲလာတယ်

"အ"

"ရရဲ့လား?"

အသံတစ်ခုကြောင့် သူမမော့ကြည့်လိုက်မိတယ်
မိန်းကလေးတစ်ယောက်ပင်။

"မင်းက ဘယ်သူလဲ"

မိုးသခင်မေးမိလိုက်တယ် ။ထိုမိန်းကလေးက သောမျက်လုံးတွေနဲ့အခန်းအပြင်ကိုပြေးထွက်သွားလေသည်။ထို့နောက် ဆရာ၀န်အချို့နဲ့ပြန်လာခဲ့တယ်။
ထိုအချိန်ထိ ကျွန်မခေါင်းကိုက်နေဆဲပင်။
စမ်းသပ်မှုအချို့ပြုလုပ်ပြီးတော့ ဆရာ၀န်နဲ့ထိုမိန်းကလေးဟာထွက်သွားကြတယ်။

ထို့နောက် သူတို့ထွက်သွားပြီးနောက် လူကြီးနှစ်ယောက်ဟာ ၀င်လာခဲ့တယ်

"သမီး "

"သမီး"

ထိုလူနှစ်ယောက်ဟာတစ်ပြိုင်တည်း၀င်လာခဲ့တယ်ဆိုပိုမှန်မယ်။
မိုးသခင်ထိုသူတို့ကိုအာရုံမစိုက်နိုင် သူမခေါင်းတွေအရမ်းကိုက်ကာ အိပ်ချင်နေလေတယ်။

...

နှစ်ရက်မြောက်နေ့မှာ မိုးသခင်ခေါင်းမကိုက်‌တော့ပေ။
သို့သော် ဘယ်သူ့ကိုမှမမှတ်မိပေ။ သူမ မှတ်မိတာ
သူမနာမည်တစ်ခုပဲ ရှိပေတယ်။

မေဇွန်ဟုခေါ်သော မိန်းကလေးမှာ မျက်နှာသိပ်မကောင်းပေ။သို့သော် မိုးသခင်ထိုမိန်းကလေးကိုကြည့်လိုက်လျှင် ရင်းနှီးတဲ့အငွေ့အသက်ရပေတယ်။

ငါးရက်မြောက်နေ့မှာ မေဇွန်တို့ ဆေးရုံဆင်းကြတယ်
ခေါင်းကိုထိတာဆိုပေမယ့် သူမ ဆေးရုံမှာမနေချင်ပေ။
သူတို့တွေပြောတာတော့ ‌သူမ အိပ်နေခဲ့တာ သုံးလတောင်တဲ့

ဘာကိစ္စကြောင့်ဖြစ်လဲလို့မေးတော့ ဘယ်သူ့မှမဖြေကြဘူး။

အိမ်ကိုရောက်သော်လည်း ရင်းနှီးနေပေမယ့်
ဘာကိုမှမမှတ်မိပေ။

"သမီး မေဇွန်နဲ့တစ်ခန်းအိပ်နော်"

သူမအမေဟူသော ပြောလာသည့်စကားကြောင့်
ထိုမိန်းကလးကို မိုးသခင်ကြည့်မိတယ်
အားလုံးပြောတာကြ ထိုမိန်းကလေးက သူမရဲ့ချစ်သူတဲ့။

Founded[Complete]✓Where stories live. Discover now