16

2.4K 182 0
                                    

Unicode

Chapter-16 မိန်းကလေး

မိုးသခင်မြန်မာကိုပြန်ရောက်တော့ အရင်ဆုံးမုန့်ဟင်းခါးစားဖြစ်တယ်

"အင်းးးး ဒီမုန့်ဟင်းခါး‌ကိုအရမ်းသတိတွေရနေတာ အကိုတော့"

မိုးသခင်အရှေ့မှမုန့်ဟင်းခါးကိုအားရပါးရစားနေသော အလင်းရှင်ကို သူမပြုံးပြီးကြည့်မိတယ်။

ဟိုမှာတစ်ယောက်တည်းဖြစ်နေပေမယ့်အကိုအလင်းရှင်နဲ့တွေ့တော့ တကယ်၀မ်းသာမိတယ်
ယောင်တောင်တောင်ဖြစ်နေတဲ့မိုးသခင်ကိုအလင်းရှင်က
အကိုကြီးတစ်ယောက်လိုစောင့်ရှောက်ပေးတယ်
အကိုက စီနီယာဆိုတော့ စီနီယာတွေရန်ကနေလည်းကာကွယ်ပေးတယ်။
အဖော်ဖြစ်နဲ့လည်းရှိနေပေးတဲ့အတွက် တကယ်ကျေးဇူးတင်မိတယ်

"ဟေး ညီမ ဘာတွေငေး မြန်မြန်စားပွကုန်ပြီ အကြော်တွေ"

"ဟုတ်ကဲ့"

"အာဒါနဲ့ ခရီးသွားရမယ်ဆို အခုမှပြန်ရောက်တာကိုနားတာမဟုတ်ဘူး ညီမကလည်း"

"အော် မနားချင်ဘူး မားမားကလည်းအကို့လိုဘဲပြောတယ်
ညီမနားရင် ထပ်ပြီးမလုပ်ချင်တော့ဘူး နားဘဲနားချင်နေတာ အာ့ကြောင့် အလုပ်ဆက်တိုက်လုပ်နေတာ"

"အော် ဟုတ်ပါပြီဗျာ တောင်တန်းတွေဘက်ဆိုတော့
ဂရုစိုက်နော်"

"ဟုတ်ကဲ့ပါ"

"အာ ဒါနဲ့ ညီမရှာတွေ့ပြီလား? "

"ဘာကိုလဲ?"

"ညီမရဲ့ပျောက်နေတဲ့ရင်ခုန်သံတွေ "

မိုးသခင် အအေးပိုက်ကိုအကြောင်းရင်းမရှိမွှေနေမိတယ်
အလင်းရှင်က မိုးသခင်ရဲ့အဖြေကိုစောင့်နေပုံရတယ်

"မကြာခင်ပေါ့"

_______

ကြယ်တံခွန်တစ်ယောက် စတော်ဘယ်ရီကိတ်မုန့် ကို၀ယ်လိုက်ရင်း တစ်ယောက်ယောက်ကိုစာပို့လိုက်တယ်

/တီချယ် ကျွန်တော် စတော်ဘယ်ရီကိတ်မုန့်စားနေတယ်အခု အဟီး/

တဖက်မှပြန်ပို့လာသောစာ

/အမယ် တီချယ်ကိုသရေကျအောင်လုပ်နေတယ်ပေါ့
စားပါရှင် မင်းစားရင်တီချယ်ငတ်သလိုပါဘဲ/

Founded[Complete]✓Where stories live. Discover now