7

2.9K 204 6
                                    

Unicode

Chapter-7လှပလွန်းတဲ့အတိတ်

"နာမည်ကဘယ်လိုခေါ်လဲ?"

"ကြယ်တံခွန်ပါ "

"အော် ကိုယ့်နာမည်ကအလင်းရှင်ပါ"

နှစ်‌ယောက်သာရှိနေတဲ့စားပွဲဝိုင်းမှာတိတ်ဆိတ်မှုကကြီးစိုးနေတယ်။သန့်စင်ခန်းသွားသောမိန်းကလေးနှစ်ယောက်ဟာပြန်မထွက်လာသေး။

"ဒါနဲ့ မိုးသခင်နဲ့သိတာလား?"

"အင်း သိပ်မကြာသေးပါဘူးခင်တာ"

"အော် "

"ခွန်ကို ကြည့်ရတာအဲ့နှစ်ယောက်ထဲကတစ်ယောက်ကိုသဘောကျနေသလိုဘဲ"

"ဗျာ မ မဟုတ်ပါဘူး "

"မဟုတ်ရင်ကောင်းမယ်"

"ဘာ ဘာလို့လဲ"

အလင်းရှင်ကပြုံးတယ် ၊အပြုံးက အေးစက်ပြီးကြောက်ဖို့ကောင်းတယ်

"ဆောတီး မိုးတို့ကြာသွားတယ်"

စကားပြတ်သွားတဲ့ ယောကျာ်းလေးနှစ်ယောက်ဟာ လျှောက်လာတဲ့မိန်းကလေးနှစ်ယောက်ဆီ
အကြည့်ရောက်သွားတယ်

မေဇွန်ကခေါင်းကိုငုံ့ထားပြီး မိုးသခင်ကတော့ပုံမှန်အတိုင်း မျက်နှာက မရီမပြုံးပင်

"ရပါတယ် အချိန်လည်းမရှိတော့ဘူးဆိုတော့ အကိုတို့ပြန်ရအောင် အဘွားလည်းမျှော်နေတော့မယ်"

"ဟုတ်သားဘဲ ဟုတ်ပြီလေ သွားကြမယ်
အော် ကြယ် နဲ့ အစ်မမေဇွန်တို့ သွားပြီနော် နောက်မှတွေ့မယ်"

ကြယ်ကပြုံးရုံသာ‌ပြုံးပြပြီး မေဇွန်ကတော့ ကြမ်းပြင်ကို
စိတ်၀င်တစားသာကြည့်နေတော့သည်

----

အိမ်ပြန်လမ်းမှာကြယ်ရော မေဇွန်ရောတိတ်ဆိတ်နေကြတယ်
တစ်ယောက်အတွေးကိုယ်စီဖြင့်သာ...

"တီချယ်"

"အမ် အင် ပြောလေ"

"မိုးသခင်က တီချယ်ကောင်မလေးလား?"

တုန်ယင်သွားသော ရင်ခုန်သံကိုမေဇွန်တစ်ယောက်လျစ်လျူရှုလိုက်ရင်း

"မဟုတ်ပါဘူးကွယ်"

"မ မဟုတ်ရင် တီချယ်ကို ကျွန်တော်ပြောစရာ ရှိ ရှိတယ်"

Founded[Complete]✓Where stories live. Discover now