11

2.6K 189 2
                                    

Unicode
Chapter-11 အတိတ်

မိုးသခင်ကျောင်း၀န်းထဲ၀င်၀င်ချင်း နိုင်ငံခြားသားဖြစ်ပုံရသောသူများစုဝေးနေကြတယ်

မြင်နေကြမို့ သူမကျော်သွားလိုက်တယ်
သူမကိုကြည့်နေတဲ့မျက်၀န်းကိုတော့ မိုးသခင်သတိမထားမိလိုက်ဘူး

အတန်းထဲ၀င်ပြီးထိုင်နေကြနေရာမှာသာထိုင်လိုက်တယ်
သို့သော်

"ဟောခန်းထဲ လာပေးကြပါတဲ့ ပေါမောက္ခချုပ်က"
___

"ဆရာမဒီနေ့ပြောစရာတစ်ခုရှိတယ် တက္ကသိုလ်ကပေါမောက္ခတွေဦးစီးပြီးလုပ်ဆောင်တဲ့
နိုင်ငံယဉ်ကျေးးမှူအမွေအနှစ်ဖလှယ်‌‌ေရး
ဆိုတဲ့ ပြတိုက်အကြောင်းကြားဖူးမယ်ထင်တယ်
အဲ့ဒီပြတိုက်အတွက်ရင်းနှီးမြှုပ်နှံထားတဲ့ လုပ်ငန်းရှင်တစ်ယောက်နဲ့မိတ်ဆက်ပေးချင်တယ်
သူကအခု  ကျောင်းသူကျောင်းသားတွေနိုင်ငံခြားပညာတော်သင်သွားမယ့်ကိစ္စကိုပါရင်းနှီးမြှုပ်နှံမယ်တဲ့ ဘယ်လောက်ကောင်းလိုက်သလဲ"

ပျော်ရွှင်မှုတွေအံ့ဩမှုတွေ
ပြည့်နှက်သွားတယ်။‌အင်းလေ ငယ်ငယ်ထဲကနိုင်ငံခြားသွားချင်နေတဲ့သူတွေအတွက်
ပိုပျော်ဖို့ကောင်းတယ်လေ

ငယ်ငယ်ကကျောင်းမှာ မိုင်လိုလာတိုက်သလိုမျိုးဘဲပေါ့

"ဦးဇေယျထွန်းနဲ့မိတ်ဆက်ပေးမယ် ဆရာစင်မြင့်ပေါ်ကိုကြွခဲ့ပေးပါ"

*ဘာ ဘယ်သူ?*

မိုးသခင်ရဲ့မျက်လုံးတွေကစင်ပေါ်မှအနောက်တိုင်း
၀တ်စုံနဲ့သူဆီအကြည့်ရောက်သွားတယ်

"အယ် အဲ့တာ ခရီးသွားကုမ္ပဏီတွေအများကြီးပိုင်တဲ့
Mကုမ္မဏီက ceoမဟုတ်လား?"

ဘေးဘက်မှအသံတွေဟာနားထဲတိုး၀င်လာတယ်

"မဂ်လာပါ အန်ကယ့်နာမည်ဇေယျထွန်းပါ
အသက်က ၄၅‌ပေမယ့်လည်း
ဦးလေးတော့ မကြားချင်သေးဘူး
ဒီအတိုင်းသွယ်ဝှိက်သောအားဖြင့်
အန်ကယ်လို့ဘဲပြောမယ်နော်"

ထိုစကားကိုပေါမောက္ခချုပ်ရော ပါမောက္ခရော
ကျောင်းသားတွေရောရီကြတယ်

တစ်စံုတစ်ယောက်ကလွဲလို့ပေါ့

"ဒီနေ့ပြောရတဲ့ရင်းနှီးမြှုပ်နှံတဲ့အကြောင်းပေါ့
အန်ကယ်ရင်းနှီးမြှုပ်နှံရတဲ့အကြောင်းက‌တော့
ကျောင်းသူကျောင်းသားတွေရဲ့ ပညာရေးကို တဖက်တစ်လှမ်းကနေ အန်ကယ်ကကူညီပေးချင်ရုံသက်သက်ပါ
အန်ကယ်မှာ အရင်ကသမီးလေးတစ်ယောက်ရှိခဲ့ဖူးတယ်။
သူက နိုင်ငံခြားက်ုအရမ်းသွားချင်တာ အထူးသဖြင့် ချယ်ရီတွေပွင့်တဲ့ ကိုရီးယားကိုဆိုရင် သူအသွားချင်ဆုံးဘဲ။ ချယ်ရီတွေပွင့်တဲ့နိုင်ငံအများကြီးရှိတဲ့ထဲမှ သူက
ကိုရီးယားကိုဘဲသွားချင်တာတဲ့လေ"

Founded[Complete]✓Where stories live. Discover now