Unicode
Chapter-14 ကင်မရာ?ကျောင်းခန်းထဲ၀င်လိုက်တာနဲ့ မေဇွန်တစ်ယောက်
မမြင်ချင်တဲ့ခွန်းရောင်ခြည်ကိုမြင်လိုက်ရတယ်မေဇွန်ကထိုင်နေကြနေရာကိုသွားထိုင်တော့အနောက်ကနေလိုက်လာသော ခွန်းရောင်ခြည်
"ငါ့နဲ့ခဏလိုက်ခဲ့ပါလား"
"မလိုက်ဘူး"
ခွန်းရောင်ခြည်ဟာသဘောကျစွာရီမောလိုက်တယ်
"ဆရာမခေါ်လို့ပါဟယ် နင်ပေ့ခ်ျဖွင့်ထားတယ်ဆို အဲ့အကြောင်းဆရာမက ပြောမလို့တဲ့"
"...."
မေဇွန်တိတ်ဆိတ်နေခဲ့တယ်။ဘာမှတော့မပြောတော့ ခွန်းရောင်ခြည်ဟာထပ်ပြောလာတယ်
"လိုက်မယ်မဟုတ်လား"
"အရှေ့ကသွား"
----
ရုံးခန်းရဲ့အခန်းထဲမှာဆရာမတစ်ယောက်မှမရှိပေ။
ဒုန်း
အခန်းတံခါးကိုဆောင့်ပိတ်လိုက်သောအသံဟာထွက်ပေါ်လာတယ်
"နင့်အကြောင်းကိုငါကလွဲပြီးဘယ်သူမှမသိပါဘူး
မေရယ် နင်အရင်ကလိုပါဘဲ ဘာမှမပြောင်းသေးပါဘူး""အေးနင်လည်းအရင်ကလိုယုတ်မာနေတုန်းဘဲ
ဖယ် ဆရာမလည်းမခေါ်ဘဲနဲ့ နင်ဘယ်လိုလိမ်ရဲတာလဲ?""ဟဟ အခုငါဘာထပ်လုပ်မလဲကြည့်"
နံရံဘက်ကိုဆောင့်တွန်းခံလိုက်ရတဲ့မေဇွန်ကျောတော်တော်နာသွားလေတယ်
အတင်းနမ်းလာတဲ့ခွန်းရောင်ခြည်ကိုရှိသမျှအားနဲ့မေဇွန်တွန်းထုတ်တယ်။
"နင်ဖယ် ဖယ် ဘာလုပ်တာလဲခွန်းရောင်ခြည်?"
"နင့်မှာပိုင်ရှင်ရှိတယ်လို့ကြားတုန်းကဘယ်လောက်မီးတောက်သွားလဲသိလား?ဘယ်သူလဲ အဲ့တစ်ယောက်ကပြောစမ်း ငါ့ကိုဘယ်သူလဲ"
ထိုသို့ပြောပြီးအတင်းတိုးကပ်လာပြန်တယ်
မေဇွန်ဆုံးဖြတ်ထားတဲ့ အနမ်းတွေဟာ မိုးသခင်တစ်ယောက်တည်းအတွက်သာ"ပြီးကြအုံးမှာလား?"
ရုံးခန်း၀ကနေအသံတစ်သံထွက်လာတယ်။
![](https://img.wattpad.com/cover/298325206-288-k198677.jpg)
YOU ARE READING
Founded[Complete]✓
RomanceUnicode မတူညီတဲ့စိတ်ဒဏ်ရာတွေနဲ့ရှင်သန်ခဲ့ရတဲ့ကောင်မလေး နှစ်ယောက်ဆုံတွေ့ကြသောအခါ...... Zawgyi မတူညီတဲ့စိတ်ဒဏ်ရာတွေနဲ့ရှင်သန်ခဲ့ရတဲ့ကောင်မလေး နှစ်ယောက်ဆုံတွေ့ကြသောအခါ......