24

2.8K 168 3
                                    

Unicode
Chapter 24

မနက်ခင်းရဲ့အစည်းအဝေးဟာ လူတွေအားလုံးစုံနေလေရဲ့ ဘာသာပြန်တွေအကုန်စုဝေးပြီး တာ၀န်တွေခွဲဝေပေးတယ်

"အားလုံးဘဲ နောက်နှစ်ရက်ဆို ပြပွဲစပြီဆို‌တော့ ကိုယ်တာ၀န်ယူထားတဲ့အလုပ်တွေကိုသေချာလေးဂရု
စိုက်ပေးကြပါ"

"ဟုတ်ကဲ့!!!!"

"အားလုံးသွားလို့ရပြီ"

အားလုံးထွက်သွားပြီးတဲ့နောက်မှာ ၊မိုးသခင်နဲ့ အလင်းရှင်သာကျန်ခဲ့တယ်

"အကို သိရပြီလား?"

"အင်း ညီမလေးထင်တာမှန်တယ် ခွန်းရောင်ခြည်ဘဲ
ဒီပရောဂျက်မှာတောင် သူပါတယ်
အကိုတို့ကိုဘယ်တုန်းထဲကစောင့်ကြည့်နေလဲမသိဘူး
ပြီးတော့
ခင်လေးသွယ်ကို သက်ဆိုင်ရာလက်ထဲအပ်လိုက်တယ်
သူက ပြေလည်ပေးဖို့တောင်းဆိုနေတယ်
ညီမဘယ်လိုလုပ်ချင်လဲ?"

"ကျဲ ကိုမေးရမယ်လေ "

"ကျဲ??ဘယ်သူ?အာ~~ချစ်စနိုးတွေတောင်ရှိကုန်ပြီ
ငါ့ရဲ့ ခွန်ကတော့ ငါ့မြင်တာနဲ့ပတ်ပြေးနေတယ်"

"ဟဟ လိုက်ရှာပေါ့"

"အင်း ဖမ်းရမှာပေါ့"

_____________

လူကြီးတွေဟာ ရင်းနှီးမြှုပ်နှံမှုအကြောင်းတွေကိုသာပြောနေလေတယ်။မေဇွန်ဘာသာ‌ပြန်ပေးနေရတဲ့လူက တော်ရုံတရုတ်လို
တစ်လုံးနှစ်လုံးဘဲပြောပြီး အဂ်လိပ်လို သာပြောတော့
တခြားအမတွေနဲ့စာရင် သက်သာတယ်လို့ပြောလို့ရတယ်
ဒါပေမယ့် ကြာလာတော့ပျင်းလာတယ်

ဒေါက်ဒေါက်

နိုင်ငံခြားသားတွေသာရှိတဲ့အခန်းထဲကို တံခါးခေါက်သံဟာမြည်လာခဲ့တယ်

"ဟယ်လို စိတ်မရှိပါနဲ့ ‌"

"ဟေး မိုး ‌လာ "

လူကြီးတွေနဲ့သိနေကြဖြစ်တဲ့ မိုးသခင်ဟာပေါ့ပေါ့ပါးပါးပင်

"အမြဲတမ်းမျက်နှာတွေ့ဖို့ခက်ခဲတာ အခု‌မှဘဲသမီးကိုတွေ့ရတော့တယ်"

"ဟဟ ဒီကိုလာတာ တခုတောင်းမလို့"

"ဘာများလဲ ပြောလိုက် "

Founded[Complete]✓Where stories live. Discover now