6

3.1K 226 9
                                    

Unicode

Chapter-6 ကျွန်တော့်အပိုင်

မေဇွန်ချက်ချင်းလှည့်ကြည့်လိုက်တော့နီးကပ်သွားသောမျက်နှာနှစ်ခု

"တွေ့လား ကျွန်တော်စိတ်မထိန်းနိုင်ဘူး"

"မိုး မိုးသခင်"

----

လွန်ခဲ့တဲ့နှစ်ရက်ညနေထဲကဖြစ်နေတဲ့ခံစားချက်ကိုမေဇွန်တစ်ယောက်နားမလည်
စိတ်လှုပ်ရှားတာလား ? စိတ်တိုတာလား?
မသဲကွဲ ဒီကောင်မလေးဘာလို့ အဲ့လိုလုပ်တာပါလိမ့်
ထိုကောင်မလေးဟာ သူဘာမှမလုပ်ခဲ့သလို
‌မာမီနဲ့ဒယ်ဒီပြန်လာတဲ့အခါကျမှအေးဆေးပြန်သွားလေတယ်။

"တီချယ် ညနေကျရင်အားလား?"

မိုးသခင်က ဘာလို့ အဲ့လိုလုပ်တာပါလိမ့်?

"တီချယ်!!!!?"

"အော် အင်းဆောတီး ကြယ်တံခွန် ဘာမေးလိုက်တာလဲ"

"ကျွန်တော် မေးတာညနေအားလားလို့
ကျွန်တော်စာမေးပွဲအောင်တယ်လေ
အဲ့တာမုန့်လိုက်ကျွေးချင်လို့ ?'

သင်တန်းက အသက်သိပ်မကွာတဲ့ကောင်လေးတစ်ယောက်ဟာ
ထိုသို့မေးလာတယ်

"အာ မလိုက်တော့ပါဘူးရှင် ရပါတယ်"

"အာ မဟုတ်တာ တီချယ်ကစာသင်ပေးထားတာဘဲ
ကျေးဇူးဆပ်ချင်လို့ပါ အဟီး"

"တကယ် မလိုပါဘူးကွယ်"

"နောက်တခုလည်းအကူညီတောင်းစရာရှိလို့ ဟိုဟာ ကျွန်တော့်အစ်မအတွက်အကျီလေးလည်းရွေးပေးချင်လို့ အဲ့တာကျွန်တော်ကယောကျာ်းလေးဆိုတော့ မရွေးတတ်ဘူးလေ အဲ့တာ တီချယ်ကို အကူညီတောင်းချင်လို့ ဟီး"

"အော် ဟုတ်ပါပြီ လိုက်ရွေးပါမယ် "

"ဟုတ် ကျေးဇူးပါ အဟီး"

---

အချိန်ကစောနေတဲ့အတွက် မိုးသခင်တစ်ယောက် အခန်းထဲတစ်ယောက်တည်းဖြစ်နေတယ်

"ဟင် ဟိုညီမလေး"

သူမအသံလာရာမော့ကြည့်မိတော့

"ဘယ် သူ လဲ မသိဘူးရှင့်"

"အာ ကိုယ့်ကိုမမှတ်မိဘူးဘဲ ကားပါကင်မှာ ကိုယ့်အဘွားကို ညီမလေးကူညီပေးဖူးတယ်လေ "

Founded[Complete]✓Where stories live. Discover now