5

3.1K 227 7
                                    

Unicode

Chapter-5 ထိန်းမချုပ်နိုင်ခြင်း

ညနေ လေးနာရီ

မေဇွန်တစ်ယောက် ရင်တလှပ်လှပ်ဖြင့် စာမေးပွဲဖြေရမည့်အလားပင်

"နေပါအုံး ငါကဘာဖြစ်နေတာလဲ ဟူးး
ဘာလို့ ငါရင်ခုန်နေတာပါလိမ့် သူကစာဘဲမေးမှာကို ငါကဘာဖြစ်?"

တင်းတောင်♪♪

ခုနထိလျှော့ထားတဲ့စိတ်တွေ
ဘဲလ်အသံကြားတော့ ပိုမိုဆိုးရွားစွာ စိတ်လှုပ်ရှားလာတယ်

တံခါးကိုဖွင့်လိုက်တော့
နက်ပြာရောင်hoodieနဲ့
ဂျင်းနက်ရောင်ဘောင်းဘီကို၀တ်ထားသည်မှာ
ဖြတ်ခနဲကြည့်လိုက်ရင် ယောကျာ်းလေးပုံစံပင်

ဒါပေမယ့် ကျောလယ်ထိဆံပင်ရှည်တွေဟာမိန်းကလေး
မှန်းသိသာစေတယ်

"အာ ၀င် ၀င်လေ မိုးသခင်"

"အစ်မ နေမကောင်းဘူးလား?"

"အမ် အင်း ကောင်းပါတယ်"

ထိုစကားဆုံးသည်နဲ့ မေဇွန်ရဲ့နဖူးပေါ်ထိကပ်လာတဲ့
မိုးသခင်ရဲ့လက်တွေ

"ကိုယ်လည်းမပူပါဘူး ပါးတွေကျရဲနေတယ်"

ကျောက်ရုပ်အတိုင်းသားရပ်နေမိတဲ့ မေဇွန်တစ်ယောက်

"အစ်မ ရရဲ့လား ‌ဆေးခန်းသွားမလား?"

"အာ အမ် အင်း ရတယ်ရတယ် "

----

စာမေးမယ်ဆိုပြီးတကယ်ကြီး စာလုံးပေါင်းတွေအသံထွက်တွေ ထိုင်မေးနေလေတယ်

*အေးလေ စာမေးဖို့လာတာကို စာမမေးလို့ ဘာလုပ်ရမှာလဲ*

မေဇွန်စိတ်ထဲတော့ တခုခုအလိုမကျပေ.

"တကယ်ကြီး ပြင်ဆင်လာတာဘဲ စာမေးဖို့"

စိတ်ထဲမှာမကျေမနပ်ဖြစ်နေတဲ့အရာကို ပါးစပ်ကကိုယ်တိုင်တောင်မသိဘဲထုတ်ပြောမိတဲ့မေဇွန်တစ်ယောက် ကိုယ့်ကိုကိုယ်ပြန်လန့်သွားတယ်

"အာ ဆောတီးဆောတီး အစ်မမှားမေးတာ ဆောတီး"

မေဇွန်ကိုမိုးသခင်ဟာစိုက်ကြည့်လာတယ်

"ဒါဆို ကျွန်တော်ဘာလုပ်သင့်လဲ"

"ဟင်"

"ကျွန်တော်စာမလုပ်တော့ ဘာလုပ်သင့်လဲ"

Founded[Complete]✓Where stories live. Discover now