30(The end)

6.6K 250 13
                                    

Unicode

Chapter-30 ဟန်ဆောင်တာ?

အိမ်ရောက်တော့ စီစဉ်သူဟာ စောင့်နေခဲ့တယ်

"ဘယ်လိုလဲ အခြေအနေ?"

"မာမီ တစ်ကယ်မကောင်းဘူး"

"ဘာကိုမကောင်းတာလဲ အဲ့ဒိမိုးသခင် ကြောင်းဘဲတွေးနေတဲ့စိတ်တွေကိုဖယ်ပစ်လိုက်တော့။ဟိုကနင့်ကို စိတ်ကူးထဲတောင်ရှိတော့တာမဟုတ်ဘူး"

"မာမီ သမီး မိုးကိုဘဲချစ်တယ် သူမချစ်လည်း သမီးချစ်တယ် ဒီအတိုင်းသမီးကိုလွှတ်ထားပေးပါ
သမီး သူတစ်ယောက်တည်းဘဲ သမီးဘ၀ထဲမှာအဓိပ္ပာယ်ရှိခဲ့တာ တခြားဘယ်သူ့မှ သမကိုပျော်အောင်လုပ်ပေးနိုင်မှာမဟုတ်ဘူး"

ထိုသို့ပြောကာငိုပြီးအိမ်အပြင်ကိုပြန်ထွက်သွားလေတယ်။
...

မှောင်ပေမယ့်လည်းမေဇွန်တစ်ယောက် ဒေါသ ၀မ်းနည်းမှုကြောင့်ခြေလျင်လျှောက်နေလေတယ်

"ဟေး တစ်ယောက်တည်းလား?"

အနောက်မှဆယာကျာ်းလေး‌တစ်စုရဲ့
အသံကြောင့်သူမတုန်တက်သွားတယ်
ထို့နောက်သူမထွက်ပြေးလေ‌ေတာ့တယ်။
ထိုယောကျာ်းလေးများမှာလည်း အနောက်မှလိုက်လာလေတယ်

ပြေးနေရင်းချော်ကျသွားသေးတယ်
ဒူးခေါင်းဟာသွေးထွက်သွားပေမယ့်
သူမဆက်ပြေးနေတယ်

မှောင်ရိပ်ကြသောနေရာမှာသူမပိတ်မိသွားတယ်
သူမဘယ်ပြေးရမလဲစဉ်းစားနေတုန်း သူမကိုတစ်စုံတစ်ယောက်ကဆွဲယူလိုက်တယ်

"အင့်"

ရင်းနှိးနေတဲ့အနံ့ကိုမေဇွန်ရရှိလိုက်တယ်။သူမအပေါ်ကိုမော့ကြည့်တော့ အမှောင်ကြောင့်မမြင်ရပေမယ့်  သူမဘယ်သူမှန်းသိပေတယ်

"မိုး"

"ရှုး..."

အုံ့မိုးထားတဲ့လူဟာအသံထွက်လာတယ်

ယောကျာ်းလေးအုပ်စုဟာသူမတို့နားကိုချဉ်းကပ်လာတယ်။
"ဟေ့ ဟိုအတွဲလား?"

"ဟာမင်းကလည်း မဖြစ်နိုင်ဘူး ဟိူဘက်ပြေးသွားတာဖြစ်မယ်"

"လာ သွားကြည့်ရအောင်"

Founded[Complete]✓Where stories live. Discover now