12

2.7K 187 1
                                    

Unicode
Chapter-12 ကျွန်တော့်အပိုင်

တိတ်ဆိတ်နေသောအခန်းထဲမှာရေချိုးခန်းထဲမှရေကျသံကို မေဇွန်အတိုင်းသားကြားနေရတယ်

အခန်းရဲ့ကုတင်ပေါ်မှာကုပ်ကုပ်လေးထိုင်နေမိတယ်
မေဇွန်စိတ်တွေလုံး၀ကိုရှုပ်ထွေးနေခဲ့တယ်
တစ်ယောက်ယောက်ကိုအခု ဘေးမှာရှိစေချင်တယ်

တွေးမိတာက မိုးသခင်ပင်

ကျွီ~

ရေချိုးခန်းတံခါးပွင့်တော့မေဇွန်ကြည့်မိလိုက်တယ်။
တီရှပ်အဖြူကို‌JJဘောင်းဘီကို၀တ်ထားတယ်

မေဇွန်ဘောင်းဘီကိုကြည့်ရီမိတယ်

"ဘာရီတာလဲ အစ်မက?"

"အဟမ်း ဘာမှမဟုတ်ပါဘူး JJကိုမြင်တော့ ငယ်ငယ်က၀တ်ခဲ့တာကိုသတိရလို့ပါ"

"ရေချိုးမလား?"

"အင်းချိုးချင်တယ် အကျီတွေမရှိ--"

စကားတောင်မဆုံးသေးမိုးသခင်ဟာသူ့အကျီတွေပစ်ပေးလာတယ်။

"ဒါ၀တ်‌လိုက် နည်းနည်းတော့ရှည်နေမယ် အစ်မကအရပ်ပုတော့"

"ဘာ ပု‌တော့ဘာဖြစ်လဲပုတော့ဘာဖြစ်လဲလို့"

မိုးသခင်ရဲ့ပုခုံးနားမှာဘဲရှိတဲ့မေဇွန်ကိုထိုသို့ပြောလိုက်တော့ခုန်ခုန်ပြီးရန်တွေ့နေလေရဲ့
မိုးသခင်နောက်တစ်ခါအရပ်နဲ့ပတ်သတ်ပြီးမစတော့ဘူး
လို့ဆုံးဖြတ်လိုက်တယ်

"ပုတော့ဘာမှမဖြစ်ပါဘူး ချစ်ဖို့ကောင်းတယ်လေ"

"ဟွန့်"

ဆူပုတ်ကာရေချိုးခန်းထဲ၀င်သွားလေတယ်
မိုးသခင်လည်း မှန်ရှေ့ထိုင်ကာ ဆံပင်အခြောက်ခံနေတယ်

ကုတင်ပေါ်ကိုပြန်ကြည့်တော့ မိုးသခင်ပေးထားတဲ့အကျီတွေကျန်ခဲ့တယ်

"ဘယ်လိုထွက်လာမလဲကြည့်ရမယ် "

.....

"ဘယ်လိုလုပ်မလဲ ငါအကျီမယူလာခဲ့ဘူး"

ဒေါက်ဒေါက်

"အစ်မအဆင်ပြေလား?အကြာကြီးဘဲ တခုခုဖြစ်နေတာလား?"

"ဟိုဟို အကျီမယူလာလို့ အဲ့ တာ"

"တံခါးဖွင့်လေ"

Founded[Complete]✓Where stories live. Discover now