18

2.6K 186 3
                                    

Unicode

Chapter-18 မိုးသခင်?

"‌အယ် မေဇွန်သတိရလာပြီလား"

မေဇွန်မျက်လုံးဖွင့်ဖွင့်ချင်းပိုးသတ်ဆေးနံ့ရတယါ
ဘေးနားမှာ အတူတူဘာသာပြန်ရတဲ့အစ်မဟာ ထိုင်‌နေခဲ့တယ်

"ညီမ ဘာဖြစ်သွားတာလဲ?"

"ဟိုတယ်အရှေ့မှာပြုတ်ကျတာ သတိလစ်သွားတယ်လေ ဒီနေရာက ဟိုတယ်ရဲ့ဆေးပေးခန်း
ဆရာ၀န်ပြောတာတော့ အိပ်ရေးပျက်တာများလို့တဲ့
ဂရုစိုက်အယ် ဒီပုလင်းကုန်တဲ့ထိနေပြီးရင် အခန်းပြန်ပြီးနားလို့ရပြီ ကြားလား"

"ဟုတ်ဟုတ် ဟို ဒါနဲ့လေ ညီမကိုဘယ်သူခေါ်လာတာလဲ?"

"အဲ့တာတော့မသိဘူးရယ် ဒီအတိုင်း အစ်မကသတင်းကြားလို့ပြေးလာတာ ညီမကကုတင်ပေါ်ရောက်နေပြီ ဒါဆို အစ်မအလုပ်ရှိသေးလို့ပြန်ပြီနော်"

" အာ ဟုတ်ကဲ့"

မေဇွန်သေချာပေါက် သူ့အသံကိုကြားလိုက်ပါတယ်
စိတ်ထင်နေတာများလား အမှန်တိုင်းဆို လွန်ခဲ့တဲ့နှစ်ရက်ထဲက သူ့ကိုမေဇွန်သတိရနေတာ

ကုတင်ပေါ်ပြန်လှဲချရင်း မျက်လုံးများကိုပိတ်ပစ်လိုက်တယ်။

____

ဟိုတယ်ခန်းထဲမိုးသခင်စာရွက်စာတန်းတွေစီရင်း
မနက်ကအဖြစ်ကိုပြန်တွေးနေမိတယ်။

ဘောင်လေးပေါ်လျှောက်နေသည်မှာရင်းနှီးနေတဲ့ပုံရိပ်လေးမို့ သေချာကြည့်မိတယ်။
မိုးသခင်အံ့ဩမှုတွေနဲ့အတူ ပျော်ရွှင်မှုပါ ကပ်ပါလာတယ်

ကြည့်နေရင်းပင် ထိုကောင်မလေးမှာဟန်ချက်ပြတ်ကာပြုတ်ကျလာတယ်

မိုးသခင်အလျင်အမြန် ထိန်းပေးလိုက်တယ်
"ရှာတွေ့ပြီ"

လွန်ခဲ့တဲ့ငါးနှစ်ကအဖြစ်အပျက်ကိုသူမလေး
သူမကို စိတ်တိုနေသည်မှာ တစ်ရာရာခိုင်နှုန်းပင်

"ခင်ဗျားလေးကို ကျွန်တော်ဘယ်လို လုပ်ရမလဲ"

မိုးသခင် သက်ပြင်းနဲ့အတူ ရီမောလိုက်ရင်း
ဖိုင်တွေကိုသာအာရုံပြန်စိုက်နေလေတယ်

ဒေါက်ဒေါက်

"၀င်ခဲ့ပါ"

ပရောဂျက်အဖွဲ့ရဲ့ ဒုတိယမန်နေဂျာဟာ၀င်လာခဲ့တယ်

Founded[Complete]✓Onde histórias criam vida. Descubra agora