28

2.6K 150 0
                                    

Unicode

Chapter-28 ထပ်ပြီး ဒဏ်ရာမရစေချင်ဘူး

အနောက်ပိုင်းမှနွေးထွေးမှုဟာ မေဇွန်အတွက်မျက်ရည်တွေကိုယူဆောင်လာတယ်

"ကျဲ"

မေဇွန်ဘာမှမပြောမိပေ။

"ကျဲ ကိုယ် နောက်ကျသွားတယ်"

မိုးသခင်သူမကိုဖက်ထားတာလွှတ်လိုက်တော့ မေဇွန်က
သူမအရှေ့ကိုလှည့်လာကာ ဖက်လိုက်တယ်
ပြောရရင် သူမတို့ တင်းကြပ်စွာဖက်ထားကြတယ်
မျက်ရည်တွေနဲ့တစ်ယောက်ရယ် ပြုံးနေတဲ့တစ်ယောက်ရယ်ပေါ့

...

"ဘယ်တုန်းကမှတ်မိတာလဲ?"

"အင်း မနေ့ကလောက်ပါ ခွန်းရောင်ခြည်ကျေးဇူးကြောင့်နဲ့ပေါ့"

"ခွန်းရောင်ခြည်???"

မိုးသခင် ကုတင်ဘေးမှခုံပေါ်က သူမ‌ဖုန်းကိုယူလိုက်ရင်
ခွန်းရောင်ခြည်ပို့တဲ့မက်ဆေ့ဂ်ျကိုပြလိုက်လေတယ်။

"သူအခုထိ အသိတရားမ၀င်သေးဘူးလား?တကယ့်အရူးဘဲ"

မေဇွန်ကဒေါသထွက်စွာပြောလိုက်ပေမယ့်
မိုးသခင်ကရီမောလိုက်ရင်း

"အင်း ကျဲက ရူးလောက်စေလို့ဖြစ်မှာပေါ့"

"ဟဲ့ နောက်မနေနဲ့ သူဦးတည်နေတာ ရှင့်ကိုနော်
သတိထားနေရမှာ ရဲတိုင်ကြမလား?"

"သူဦးတည်နေတာ ကိုယ်မို့လို့တော်သေးတယ်လေ
ကျဲကိုမဟုတ်ဘူး"

"အင်‌းလေအာ့ကြောင့်အရေးကြီးတယ်လို့"

"အိုး‌ စိတ်အေးအေးထားပါကျဲရယ် အဲ့လောက်ကိုယ်စောစောမသေလောက်ပါဘူး"

ရီကျဲကျဲ‌ စနောက်ဟန်ဖြင့်ပြောလာသော မိုးသခင်ကို
မေဇွန်ထုပစ်လိုက်တယ်။

"ဒီမှာအတည်ပြောနေတာကိုနောက်ချင်အုံး ကဲဟယ် ကဲဟယ်"

"ဟဟဟ"

ရီမောနေတဲ့အသံတွေနေရာမှာ အနမ်းတွေနေရာယူလာကာ နေ၀င်သွားခဲ့တယ်

...

အမှန်တော့ ဒီနေ့ မိုးသခင်ခွန်းရောင်ခြည်နဲ့တွေ့ရမည်ပင်။မေဇွန်ကိုတော့လျှို့ဝှက်ထားခဲ့တယ်

Founded[Complete]✓Where stories live. Discover now