21

2.7K 185 8
                                    

Unicode

Chapter-21 ခွန်းရောင်ခြည်

မိုးသခင်ပတ်၀န်းကျင်ကိုကြည့်မိတော့ ညနေခင်းပင်
လေးလံနေသောခန္ဓာကိုယ်ကိုကြည့်လိုက်ရင်း

စိုရွဲနေတဲ့ ဆံပင်‌ရှည်တွေ
နံစော်နေတဲ့ ကျောင်းစိမ်း
သွေးထွက်နေသော ဒူးခေါင်း

သူမအားယူကာအရှေ့ကိုကြည့်လိုက်‌တော့ သူမတို့အိမ်ဟောင်း
ရန်ဖြစ်နေတဲ့ အမျိုးသမီးနဲ့အမျိုးသား
ထိုအိမ်ရှေ့မှာ ဆယ့်ခြောက်နှစ်အရွယ်ထင်ရတဲ့ကောင်မလေးဟာ
ထိုင်နေခဲ့တယ်

"ငါ ငါဘဲ"

ထိုကလေးမဟာ ရီနေခဲ့တယ် ကောင်းကင်ကိုကြည့်ရင်း
ထိုကလေးမလေးခေါင်းပေါ်ကို ဘယ်ကမှန်းမသိတဲ့အမှိုက်တွေရောက်လာတယ်

ထိုကလေးမဟာသူမကိုကြည့်ရင်း ပြောလာတယ်

"ငါ ဆက်ပြီး သည်းမခံနိုင်တော့ဘူး"

~~~~~~~~~~~~~~~

"ညီမလေးရရဲ့လား ဘာလို့ငိုနေတာလဲ
ညီမ သတိထားအုံး"

မိုးသခင်မျက်လုံးဖွင့်ကြည့်လိုက်‌တော့အပေါ်ကနေကြည့်နေတဲ့ အလင်းရှင်

မိုးသခင် အားယူကာထထိုင်လိုက်တယ်
"ရပါတယ် ညီမဘာဖြစ်သွားတာလဲ"

"ဟူးးအစာအိမ် အောင့်တာတဲ့ ညီမ ‌အစားစားချိန်တွေပျက်ပြန်ပြီမဟုတ်လား
ကိုရီးယားမှာထဲကအဲ့ဒိအကျင့်ကို‌ပြင်ပါလို့ပြောတာ
ပြောတာကိုနားမထောင်နဲ့ သိလား"

"ဟုတ်ပါပြီ အာ အစ်မရော?"

"ဘေးခန်းမှာ ညီမကိုစိတ်ပူနေတယ် သူ့ရှေ့မှာလဲကျသွားတာ"

မိုးသခင်ထမလို့လုပ်တော့ အလင်းရှင်ကတားတယ်
"ဘာလုပ်မို့လဲ ဒီမှာဆေးပိုက်တန်းလန်းကြီးနဲ့
ဟူးး ဖြစ်မယ့်ဖြစ်နှစ်ယောက်လုံးပြိုင်ဖြစ်ကြတာလား
စိတ်မပူနဲ့ အကိုပြောထားလိမ့်မယ် မေဇွန်ကို"

"မဟုတ်ပါဘူး အလုပ်ကိစ္စ--"

မိုးသခင်ဆေးပိုက်ကိုဖြုတ်မလို့လုပ်တော့

"အကို အကုန်လုပ်ပြီးပြီ ခဏနားပါ အလုပ်သရဲရေ"

_________________________________

Founded[Complete]✓Where stories live. Discover now